မကွေး တိုင်း ကျောက်ထုမြို့က စစ်ကောင်စီရဲ့အမှတ် ၂၃ ကာကွယ်ရေး ပစ္စည်း စက်ရုံ၊ ကျောက်ထုလေတပ်၊ တို့ ရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့သိရပါတယ်။
ဒါ့အပြင် အမှတ် ၃၆၈ အမြှောက်တပ်ရင်းနဲ့ ကျောက်ထု မြို့နယ် ရဲစခန်း တို့ကိုပါရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အဲဒီပစ်ခတ်တိုက်ခိုက်မှုကို မတ် ၁၃ ရက်၊ ည ၇ နာရီ အချိန်က မကွေးခရိုင် PDF အမှတ် ၁ တပ်ရင်း၊ (ဂန့်ဂေါခရိုင်) တပ်ရင်းနဲ့ ပကဖ (ဆော) တို့က ရှော့တိုက်ဒုံး တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အမှတ် ၃၆၈ အမြှောက်တပ်ရင်းနဲ့ မြို့နယ်ရဲစခန်းကို မတ် ၁၄ ရက်၊ နေ့လည် ၁၂ နာရီမှာPDF YRPA နှင့် DRONE. Revolutionary Rebel Force တို့က ရှော့တိုက်ဒုံး၊ Rocket တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အဆောက်အဦးတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။
PDF တပ်ဖွဲ့တွေ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းကိုလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Era’sEyes /Photo -NUG