နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုးဗြဲမြို့တိုက်ပွဲ ပြင်းထန် ၊ တိုက်ပွဲ ကြာချိန် ၅ နာရီကျော်ကြာမြင့်ခဲ့ ၊ တပ်မ (၆၆) လက်အောက် ခံ ခမရ (၁၀)တပ်က အယောက် ၂၀ သေပြီး ၂ ယောက်ကို အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ် အစပ်က မိုးဗြဲမြို့ရဲ့ ညောင်ဝိုင်းရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်တပ် ကို ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။

အဲဒီတိုက်ပွဲ မှာ စစ်တပ်က အယောက် ၂၀ သေပြီး ၂ ယောက်ကို အရှင်ဖမ်းမိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNDF တပ်ရင်း ၃ က သတင်းထုတ်ပြန်ထားပါတယ်။


ထိတွေ့တိုက်ပွဲမှာ မနက် (၁၀)နာရီကျော်ထိ ကြာမြင့်ခဲ့ပြီး တပ်ပေါင်းစုရဲ့ ချေမှုန်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်က (၂၀)ဦးသေဆုံးကာ (၂)ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့ထံမှ MA – 1 (၄) လက်၊ MA -2 (၄) လက်၊ MA -3 (၂) လက်၊ MA-4 (၁) လက်၊ RPG-7 (၁) လက်၊ (၆၀) မမပြောင်းတို (၂ )ပြောင်း သိမ်းဆည်းရမိတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

စစ်ကောင်စီ တပ်ရဲ့ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀)တပ်ဖွဲ့ကို ဧပြီ ၂၆ ရက် မနက် ၆ နာရီမှာ KNDF တပ်ရင်းအမှတ် (၃)၊ တပ်ရင်းအမှတ် (၁)၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်းအမှတ် (၁၀၀၁)နဲ့ မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNDF တပ်ရင်း ၃ က မိုးဗြဲမြို့မှာ စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ပြည်သူတွေအနေနဲ့ တိုက်ပွဲ ဖြစ်ပွားရာ အနီးတစ်ဝိုက်ကို အသွားအလာတွေ မလုပ်ကြဖို့နဲ့ နေရပ်ပြန်တာတွေလည်း မပြုလုပ်ကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။
Era’sEyes /photo-KNDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်မှာ ကိုဗစ်(၁၉) အတည်ပြုလူနာသစ် (၁၇)ဦး ထပ်မံတွေ့ရှိတယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 12 Views
‌ဇွန်လ (၃)ရက်။ အခုတပတ်တာထဲ ရန်ကုန်တိုင်းမှာ ကိုဗစ်(၁၉) အတည်ပြုလူနာသစ် (၁၇)ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မေလ
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ပြည်သူ (၂)ဦးကို သတ်ဖြတ်ပြီး ကလေးငယ်တွေအပါအဝင် (၁၆)ဦးကို ဖမ်းဆီးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 25 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၁)ရက်နေ့ နံနက် (၉)နာရီအချိန်က ကန့်ဘလူမြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား (၁၀၀)ခန့်က ကံကြီးရွာရှိ
မြန်မာသတင်း

အပစ်ရပ်ထားတဲ့ စစ်ကောင်စီက ဗန်းမတ်ဒေသထဲ လက်နက်ကြီးတွေ (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 12 Views
ဇွန်လ (၃)ရက်။ မနေ့က PNLO ဌာနချုပ်ကို ဦးတည်ပြီး ဗန်းမတ်ဒေသထဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မောက်မယ်မြို့ ကဒူးကြီးဒေသ PNLO
မြန်မာသတင်း

ပန်ဆယ်လိုအပါအဝင် NUG/PDF ကို ထောက်ပံ့နေသူတွေ ရောင်းချတာကို ဝယ်ယူရင် အကြမ်းဖက်ဥပဒေနဲ့ အရေးယူမယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 27 Views
‌ဇွန်လ (၃)ရက်။ NUG/PDF တွေကို ထောက်ပံ့နေသူတွေက ရောင်းချတဲ့ ပစ္စည်းတွေကို ဝယ်ယူတာနဲ့ တဆင့်ခံ ပြန်ရောင်းချတာတွေပြုလုပ်ရင် အရေးယူမယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG/PDF ကို ထောက်ပံ့နိုင်ဖို့အတွက် ပန်ဆယ်လို၊ အိုင်းရင်း၊
မြန်မာသတင်း

မိုးရာသီရောက်လာတာကြောင့် ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားလာပြီး ဆေးဝါးတွေလိုအပ်နေတယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
‌ဇွန်လ (၂)ရက်။ မိုးရာသီရောက်လာတာကြောင့် စစ်ဆင်ရေးဒေသတွေမှာ ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားတာတဲ့အတွက် ဆေးဝါးတွေ လိုအပ်နေတယ်လို့ CDF-ASHO ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးဦးကာလ ရောက်လာပြီဖြစ်တဲ့အတွက် ရဲဘော်တွေသာမက စစ်ဆင်ရေးလှုပ်ရှားတဲ့ နယ်မြေဒေသတွေက ပြည်သူတွေပါ
မြန်မာသတင်း

KNDF အနေနဲ့ ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 22 Views
ဇွန်လ (၂)ရက်။ KNDF အနေနဲ့ ကရင်နီလူမျိုးတွေရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ (၄)နှစ်ပြည့် ဂုဏ်ပြုသဝဏ်လွှာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေး (၄)နှစ်ကျော်ကာလထဲ ဒေသကာကွယ်ရေးတပ်ဖွဲ့အချို့ဟာ တော်လှန်ရေးထဲ မရပ်တည်နိုင်ကြတော့ဘဲ တော်လှန်ရေးပြေးလမ်းပေါ်ကနေ လွင့်စင်တာတွေရှိခဲ့သလို
မြန်မာသတင်း

တလတာထဲ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ (၁၅၂)ဦးရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 20 Views
ဇွန်လ (၂)ရက်။ ပြီးခဲ့တဲ့ မေလထဲ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူ (၁၅၂)ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုကြောင့် သေဆုံးသူတွေထဲ အမျိုးသမီး (၈၆)ဦးနဲ့ အမျိုးသား (၆၆)ဦးဖြစ်ကာ (၃)လအရွယ်
မြန်မာသတင်း

အပစ်ရပ်ကာလထပ်တိုးတယ်ဆိုတဲ့ စစ်ကောင်စီက စဉ့်ကူးမြို့ကို လေကြောင်းတိုက်ခိုက်၊ အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 2 ရက်
  • 24 Views
‌ဇွန်လ (၂)ရက်။ မနေ့က နေ့လယ် (၂)နာရီခွဲအချိန် စဉ့်ကူးမြို့နယ် နတ်တောင်ကျေးရွာရှိ Lucky 7 ဟိုတယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၂)နာရီ (၃၂)မိနစ်လောက်