နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီပဲယင်းနှင့် ရေဦးနယ်စပ် စစ်တပ်စစ်ကြောင်းထိုး မီးရှို့နေ၊ ကျေးရွာ ၂၀ က ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ရ။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းနှင့်ရေဦးနယ်စပ် ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


စစ်ကောင်စီ အင်အား ၈၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ မေ (၁) ရက် မနက်ပိုင်းမှစတင်ကာ ရေဦးနယ် မုတ်ဆီကျေးရွာမှတဆင့် ရေဦး၊ ဒီပဲယင်းနယ်စပ် ဆည်ကြီး၊ ပေါက်သာ၊ ဇိန့်ဇွန်းကျေးရွာများတဝိုက်သို့ စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ရေဦး ဒီပဲယင်းနယ်စပ် ဆည်ကြီး၊ ကုက္ကိုစု၊ ဇိန့်ဇွန်း၊ ရွာသာလေး၊ မူးသာကုန်း၊ ပေါက်သာ၊ ညောင်လှ ၊ သရက်တော၊ လက်ယက်ကုန်း၊ မူးခံတွင်း စသော ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၂၀ နီးပါးမှ စစ်ရှောင်ပြည်သူပေါင်း ၅၀၀၀ ကျော်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။

နီးစပ်ရာကျေးရွာများအနေဖြင့် စစ်ဘေးရှောင်ပြည်သူများအား ဝိုင်းဝန်းကူညီပေးကြပါရန်နဲ့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့အနေဖြင့် အရေးပေါ် စစ်ဘေးရှောင်များအတွက် ရိက္ခာများ ကူညီထောက်ပံ့နိုင်ရန် ဆောင်ရွက်နေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

Era’sEye | (ရေဦးနှင့် ဒီပဲယင်းအရှေ့ခြမ်း ၂မြို့နယ်စပ်ရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရစဥ်။ ဓာတ်ပုံ-ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေး)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ကပစ(၂၄) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 23 Views
ဧပြီလ (၂၄)ရက်။ ဧပြီလ (၂၀)ရက်နေ့က ပေါက်မြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ ကပစ(၂၄)ကို ရှော့တိုက်ဒုံးတွေ၊ လက်လုပ် ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်းပကဖရဲ့
မြန်မာသတင်း

ဝက်လက်နယ်ရှိ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 23 Views
အရပ်သားတဦးသေဆုံးပြီး စာသင်နေတဲ့ ကျောင်းသားကျောင်းသူတွေ ထိခိုက်ဒဏ်ရာရခဲ့ ဧပြီလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၁)နာရီခွဲအချိန်က ဝက်လက်မြို့ မုဆိုးခြုံ(ရွာမ)ရွာ စာသင်ကျောင်းကို
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုတယ်ဆိုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတယ်လို့ MNDAA ပြော

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 20 Views
ဧပြီလ (၂၄)ရက်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ကြိုဆိုဂုဏ်ပြုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတာကြောင့် သတိပြုကြဖို့ ကိုးကန့်တပ်(MNDAA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုအခါ လူမှုကွန်ရက်စာမျက်နှာတွေမှာ “ The Kokang” နဲ့ တရုတ်ဘာသာနဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ထိုင်းနိုင်ငံ‌ခြားရေးဝန်ကြီးပြောတယ်ဆိုပြီး စစ်လော်ဘီတွေဖြန့်ဝေနေ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 21 Views
ဧပြီလ (၂၄)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ရေးသားဖြန့်ဝေနေကြတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းထဲ နေပြည်တော်ကို ရောက်ရှိလာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ထည့်သွင်းပြောဆိုခဲ့တာလို့
မြန်မာသတင်း

မြို့နယ်ပေါင်း (၆၀)ကို ကိုယ်တိုင်ခန့်သမ္မတမင်းအောင်လှိုင် အရေးပေါ်အခြေအနေကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 19 Views
ဧပြီလ (၂၄)ရက်။ မြို့နယ်ပေါင်း (၆၀)မြို့ကို ကိုယ်တိုင်ခန့်သမ္မတမင်းအောင်လှိုင်က အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်က လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့နဲ့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းဖို့ဆိုပြီး တိုင်းနဲ့ပြည်နယ်အချို့က မြို့နယ် (၆၀)ကို အရေးပေါ်အခြေအနေ ကြေညာခဲ့တာလို့ သိရပါတယ်။
မြန်မာသတင်း

တပ်နဲ့ကင်းကွာတဲ့ ရဲဘော်တွေ ပြန်လည်တာဝန်ထမ်းဆောင်ဖို့ မတ္တရာမြို့နယ်ပကဖ ဆင့်‌ခေါ်

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 32 Views
စစ်တပ်ဘက် ကူးပြောင်းပြီး သွေးဆောင်ဖျားယောင်းနေတဲ့ ရဲဘော်ဟောင်းတွေကို အရေးယူမယ်လို့ဆို ဧပြီလ (၂၃)ရက်။ တပ်နဲ့ကင်းကွာနေတဲ့ ရဲဘော်တွေ ပြန်လည်လာရောက်ပြီး တာဝန်ထမ်းဆောင်ကြဖို့ မတ္တရာမြို့နယ်ပကဖက ဆင့်ခေါ်ထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ္တရာမြို့နယ်ပကဖက ခွင့်လွန်၊ ခွင့်မဲ့၊ တပ်ပြေးရဲဘော်တွေအနေနဲ့
မြန်မာသတင်း

အာဆီယံနဲ့ ပုံမှန်ဆက်ဆက်ရေး ပြန်ရဖို့ ထောက်ခံပေးမယ်ဆိုပြီး နေပြည်တော်ရောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 29 Views
ဧပြီလ (၂၃)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကော်မရှင်နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်နိုင်ငံဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်တရပ် ဖွဲ့စည်းနိုင်ခဲ့တာကို ဝမ်းမြောက်ပြီး နှစ်ဆန်းတရက်နေ့မှာ အကျဉ်းသားတွေ
မြန်မာသတင်း

နေပြည်တော်အနီး စစ်ကော်မရှင်ရဲ့ ခမရ(၄၁၁) ပူးပေါင်းစခန်း တိုက်ခိုက်သိမ်းပိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 23 ရက်
  • 31 Views
ဧပြီလ (၂၃)ရက်။ မနေ့က နံနက် (၅)နာရီအချိန်က နေပြည်တော် လယ်ဝေးမြို့ အောင်ချမ်းသာရွာသစ် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲ့ ခမရ(၄၁၁)ကို တိုက်ခိုက်ခဲ့တယ်လို့ သံတောင်မြောက်ပိုင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခမရ(၄၁၁) စခန်းသိမ်းတိုက်ပွဲဟာ (၁၅)မိနစ်ခန့် ကြာမြင့်ခဲ့ပြီး