ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဝါဒတွေ ခေါင်းမထောင်လာနိုင်ဖို့ ချေမှုန်းတိုက်ခိုက်သွားမယ်လို့ AA အသိပေး
ဩဂုတ်လ (၇)ရက်။ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်ဝါဒတွေ ခေါင်းမထောင်လာနိုင်အောင် ချေမှုန်းတိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ဘာသာရေးအစွန်းရောက်မူဆလင်တွေနဲ့ ထောက်ပံ့ပေးထားတဲ့ အစ္စလာမ်အစွန်းရောက်တွေဟာ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမဆို ကျူးလွန်ခွင့်လိုင်စင်ရထားသလို ဆက်တိုက်ကျူးလွန်နေတယ်လို့ ဆိုပါတယ်။...