နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ အငြိမ်းစားပါမောက္ခကို သတ်ဖြတ်ခဲ့တယ်ဆိုသူကို ဖမ်းမိတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

မေလ (၁)ရက်။

မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ အငြိမ်းစားပါမောက္ခ အမျိုးသမီးတစ်ဦးကို လုယက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသားကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ ဧပြီလ (၂၇)ရက်နေ့ နံနက် (၇)နာရီအချိန်က ပုသိမ်ကြီးမြို့ ရေထွက်ရွာရှိ လူနေထိုင်တာမရှိဘဲ နေအိမ်ထဲ အမျိုးသမီးတစ်ဦး သေဆုံးနေခဲ့တာလို့ ဆိုပါတယ်။

သေဆုံးနေသူဟာ အသက် (၆၆)နှစ်အရွယ်‌ အငြိမ်းစားပါမောက္ခ ဒေါ်ထွေးထွေးဖြစ်ကာ နဖူးပြတ်ရှဒဏ်ရာနဲ့ မှောက်လျက်အနေအထား သွေးအိုင်ထဲ သေဆုံးနေကာ ပုသိမ်ကြီးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ (၃၀၂)နဲ့ အမှုဖွင့်စစ်ဆေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သက်သေထွက်ဆိုတာတွေအရ ဒေါ်ထွေးထွေးဟာ ဧပြီလ (၂၅)ရက်နေ့ နံနက် (၇)နာရီခန့်မှာ နေအိမ်ကနေ ကားနဲ့ တဦးထဲ ထွက်သွားခဲ့ပြီး နေ့လယ် (၂)နာရီကျော်အချိန်မှာ စိုင်းထွန်းနော်(ခ)ကိုစိုင်း(ခ)ငြိမ်းချမ်းဖြိုး(ခ)ကိုဖြိုးကို ကား‌မောင်းပေးဖို့ သူနဲ့ ရင်းနှီးသူတဦးကို အကူအညီတောင်းခဲ့တယ်လို့ ရေးသားထားပါတယ်။

နေ့လယ် (၃)နာရီကျော်မှာတော့ ဒေါ်ထွေးထွေးရဲ့အိမ်ကို သူနဲ့ မြေကွက်အရောင်းအဝယ်ပြုလုပ်နေသူ စိုင်းထွန်းနော်(ခ)ကိုစိုင်း(ခ)ငြိမ်းချမ်းဖြိုး(ခ)ကိုဖြိုးဟာ နေအိမ်ထဲ ဝင်ရောက်လာခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီနောက် စိုင်းထွန်းနော်ကို ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်ခဲ့ရာဟဲဟိုးမြို့ရှိ တည်းခိုခန်းတခုမှာ ဒေါ်ထွေးထွေးကို သတ်ဖြတ် ယူဆောင်သွားတဲ့  ရွှေထည်ပစ္စည်းတွေ၊ မြေကွက်အရောင်းအဝယ်စာချုပ်တွေ၊ ဆိုင်ကယ်တစ်စီးနဲ့ ငွေကျပ်သိန်း (၂၀)တို့နဲ့အတူ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စိုင်းထွန်းနော်ဟာ ဒေါ်ထွေးထွေးပိုင်ဆိုင်တဲ့ ခြံကွက်ကို အရောင်းအဝယ်ပြုလုပ်ဖို့ပြချိန် စကားများရာက လည်ပင်းညှစ်ကာ အုတ်နီခဲနဲ့ ဦးခေါင်းကို ရိုက်နှက်ပြီး ကားပေါ်ပါတဲ့ ရွှေထည်ပစ္စည်းတွေနဲ့ ကျပ်သိန်(၅၀)ကို ယူဆောင်ထွက်ပြေးခဲ့တာလို့ ထွက်‌ဆိုထားပါတယ်။

ဖြစ်စဉ်ထဲ သတ်ဖြတ်လုယက်မှု ကျူးလွန်တဲ့ စိုင်းထွန်းနော်ကို ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်ဆိုပြီးလဲ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 24 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 36 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး
မြန်မာသတင်း

ရေကြည်နဲ့ သာပေါင်းမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ခံစစ်ပြင်ဆင်နေရ

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ ‌ရခိုင်ရိုးမခြေရင်းရှိ ရေကြည်မြိုနဲ့ သာပေါင်းမြိုတိုမှာ စစ်ကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တိုအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “တိုက်ပွဲက နေ့တိုင်း ပြင်းထန်နေတာ၊ စစ်ကောင်စီဘက်ကလဲ စစ်ကူတွေ ဆက်တိုက်ပိုနေတာ၊ တချိုရွာတွေမှာဆို ခံစစ်ပြင်တဲ့အနေနဲ့
မြန်မာသတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ရပ်ကို ပြန်သုံးသပ်ဖိုအဆို စစ်တပ်လွှတ်တော်မှာ တင်သွင်း

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ မနေ့ကပြုလုပ်တဲ့ စစ်တပ်ရဲ့ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှာ အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်သုံးသပ်ဖိုဆိုတဲ့ တိုက်တွန်းတဲ့အဆိုတခုကို တင်သွင်းခဲ့ကြတယ်လို သိရပါတယ်။ အဲ့ဒီအဆိုကို ကြံ့ခိုင်ရေးပါတီရဲ့ ကလောမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့်က တင်သွင်းခဲ့တာလို ဆိုပါတယ်။ သူက
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 29 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော် ငဖြိုးက တပ်ရင်းမှူးဖြစ်သူ ရဲဘော် ပုလဲမောင်ကို ပစ္စတိုနဲ့ ပစ်ခတ်ခဲ့ရာ
မြန်မာသတင်း

မြန်မာနိုင်ငံရှိ ကျားဖြန့်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိ နေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ ပြောကြားအဆိုပါ ဝင်းများအတွင်း ပိတ်မိနေသူများထဲတွင် တရုတ်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရာဇီးနိုင်ငံသားများ ပါဝင်သည်။

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 30 Views
အယ်လ်ဂျာဇီးယား – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် လွန်ခဲ့သည့်နှစ်က ဒေသတွင်း၌ နိုင်ငံစုံပူးပေါင်း နှိမ်နင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံတွင်းမှ အွန်လိုင်းငွေလိမ်ဂိုဏ်းစခန်းများတွင် လူပေါင်း ၅,၃၀၀ ကျော် ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 22 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို