ကျားဖြန့်လုပ်တဲ့ ပြည်ပနိုင်ငံသားတွေ ပြန်ပို့ဖို့ (၃)နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်
ဖေဖော်ဝါရီလ (၁၈)ရက်။ မနေ့က မြဝတီမြို့မှာ ကျားဖြန့်လုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့နိုင်ဖို့ မြန်မာ-တရုတ်-ထိုင်းတို့ ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ပြည်ထဲရေးဒုဝန်ကြီးနဲ့အဖွဲ့တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံက ပြည်သူ့လုံခြုံရေးဆိုင်ရာ လက်ထောက်ဝန်ကြီးအဖွဲ့နဲ့...








