နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

အကြမ်းဖက်မြန်မာစစ်အုပ်စုအပေါ် ကနေဒါနိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု Justice for Myanmar ကြိုဆို

မတ်လ (၉)ရက်။

အကြမ်းဖက်မြန်မာစစ်အုပ်စုအပေါ် ကနေဒါနိုင်ငံအစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ခဲ့တဲ့အပေါ် ကြိုဆိုတယ်လို့ Justice for Myanmar ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကနေဒါနိုင်ငံဟာ စစ်အုပ်စုနဲ့ သူထိန်းချုပ်ထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်အုပ်စုရဲ့ အဓိကလူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား ချမှတ်ခဲ့တာဟာ ပထမဆုံးအကြိမ်လို့ ဆိုပါတယ်။

ဒီလို ဒဏ်ခတ်ပိတ်ဆို့တာတွေက “စစ်အုပ်စုရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေနဲ့ မြန်မာနိုင်ငံမှာ အမြစ်တွယ်နေတဲ့ အကြမ်းဖက်မှု၊ ဖိနှိပ်မှု၊ မတည်ငြိမ်မှုနဲ့ ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းတွေကို တုန့်ပြန်ဆောင်ရွက်လိုက်တာ”လို့ ဖော်ပြထားပါတယ်။

ဒဏ်ခတ်ပိတ်ဆို့တဲ့အထဲ ပါဝင်တဲ့ စစ်အုပ်စုရဲ့ ခမရ(၃၃)တပ်မဌာနချုပ်ဟာ ၂၀၁၇ခုနှစ်မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တာကို ကျူးလွန်ခဲ့ပြီး ၂၀၂၁ခုနှစ် ဖြိုခွင်းတာ‌တွေမှာ အဲ့ဒီတပ်မကို အသုံးပြုပြီး ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး အဲ့ဒီတပ်မ(၃၃)ဟာ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှာ ရှယ်ယာရှင်တစ်ဦးဖြစ်တာကို Justice For Myanmar ထံ လျှို့ဝှက်ပေါက်ကြားလာသည့် ရှယ်ယာရှင်အချက်အလက်တွေအရ သိရတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာအကြမ်းဖက်စစ်အုပ်စုကို ဆက်လက်ဒဏ်ခတ်ပိတ်ဆို့ဖို့ ကနေဒါအစိုးရက နိုင်ငံအားလုံးကို တိုက်တွန်းထားသလို စစ်အစိုးရကို ပံ့ပိုးတာနဲ့ စစ်ဘက်၊ အရပ်ဘက် အကူအညီတွေကို ရပ်ဆိုင်းဖို့ ထုတ်ပြန်ချက်ထဲ တောင်းဆိုထားပါတယ်။

ကနေဒါအစိုးရက စစ်ကောင်စီတပ်နဲ့ သူ့ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် အဖွဲ့ (၃)ဖွဲ့အပြင် စစ်ကောင်စီအဖွဲ့ဝင် ဘရွှေ၊ ဝန်ကြီးတွေဖြစ်တဲ့ ကံဇော်၊ ဦးကိုကိုလှိုင်နဲ့ ဒုဝန်ကြီးတွေအပြင် (၁၃)ဦးကို ဒဏ်ခတ်ပိတ်ဆို့ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 137 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 119 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 111 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 104 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို