မန္တလေးမှာ အငြိမ်းစားပါမောက္ခတဦး လုယက်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းအချိန်က မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ အငြိမ်းစားပါမောက္ခတစ်ဦးကို အိမ်ပွဲစားက လုယက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။ “ဖြစ်တာက ပုသိမ်ကြီးဘက်မှာပါ။ အသိပွဲစားက အိမ်ပြမယ်ဆိုပြီး ပုသိမ်ကြီးဘက် ခေါ်သွားပြီးတော့ ရိုက်နှက်သတ်ဖြတ်သွားတာ။...









