နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

အဓမ္မစစ်သားစုဆောင်းတာကြောင့် ထွက်ပြေးလာတဲ့ လူငယ်တွေကို စောင့်ရှောက်ပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG တိုက်တွန်း

ဧပြီလ (၂၉)ရက်။

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံထဲ အတင်းအကြပ် စစ်မှုထမ်းစေတာရဲ့ လက်တွေ့အခြေအနေတွေနဲ့ပတ်သက်ပြီး အစီရင်ခံစာတစောင်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီအစီရင်ခံစာထဲ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခံခဲ့ရတဲ့ လူငယ်တွေရဲ့ ထွက်ဆိုချက်တွေကို အခြေခံပြီး လူ့အခွင့်အရေးချိုးဖောက်တာတွေ ကျူးလွန်တဲ့ စစ်အုပ်စုရဲ့ နည်းနာတွေကို တင်ပြထားတယ်လို့ ဆိုပါတယ်။

လူငယ်တွေဟာ နေအိမ်တွေ၊ လုပ်ငန်းခွင်တွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စီရင်ချက်ချမှတ် ဖမ်းဆီးတာတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ ထွက်ဆိုထားတာတွေကို ဖော်ပြထားပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ တနေ့တခြား စစ်သည်အင်အား လျော့နည်းလာတာနဲ့ ဘက်ပြောင်းလက်နက်ချတာတွေ အဆမတန် များပြားလာတာတွေကို အစားထိုးဖြေရှင်းနိုင်ဖို့အတွက် စစ်မှုထမ်းဥပဒေကို ဗျူဟာတရပ်အနေနဲ့ ချမှတ်ကျင့်သုံးနေတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် လူငယ်တွေနဲ့ မိသားစုတွေကို ခြိမ်းခြောက်တာ၊ အကြပ်ကိုင်တာ၊ အတင်းအကြပ် အကြမ်းဖက်ခေါ်ဆောင်တဲ့ နည်းလမ်းတွေကိုသုံးပြီး စစ်သားစုဆောင်းနေကာ အဲ့ဒီအထဲ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ မသန်စွမ်းသူတွေ ပါဝင်တယ်လို့ ပြောဆိုထားပါတယ်။

ထွက်ဆိုထားတာတွေထဲ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေရဲ့ စာရင်းတွေကို ကောက်ယူပြီး မိသားစုဝင်တွေဆီကနေ ငွေညှစ်တောင်းခံတာတွေရှိကာ အဲ့ဒီလိုလုပ်ရပ်တွေက အဓမ္မ လုပ်အားခိုင်းစေတာနဲ့ လူကုန်ကူးမှုမြောက်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာက အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ရပ်တန့်နိုင်ဖို့ ထိရောက်တဲ့ စီးပွားရေးပိတ်ဆို့တာတွေနဲ့ လေယာဉ်ဆီအပါအဝင် လက်နက်တင်ပို့ရောင်းချတာတွေ ပိတ်ပင်ဖို့ တိုက်တွန်းထားပါတယ်။

အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လဲ အဓမ္မစစ်သားစုဆောင်းတာကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ လူငယ်တွေကို လူသားစာနာတဲ့ မူဝါဒကို အခြေခံပြီး စောင့်ရှောက်တာတွေ လုပ်ဆောင်ပေးဖို့ NUG က ထည့်သွင်းတောင်းဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 140 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 122 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 112 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 105 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 101 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို