ကန့်ဘလူ ပလဖအချုပ်ခန်းမှာ အချုပ်သူကို မုဒိန်းကျင့်လို့ တာဝန်ကနေ ရပ်ဆိုင်းခံရတဲ့ ပအဖခေါင်းဆောင် စစ်အုပ်စုနဲ့ ပူးပေါင်းသွားတယ်လို့ဆို
ဖေဖော်ဝါရီလ (၂၆)ရက်။ ကန့်ဘလူမြို့ရှိ ပလဖအချုပ်ခန်းတခုမှာ အချုပ်သူတစ်ဦးကို မုဒိန်းကျင့်တဲ့ ပအဖတာဝန်ခံ မြင့်ဇော်ဦး(ခ)မဲခေါင်ဟာ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီလို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ဦးမဲခေါင် စစ်အုပ်စုနဲ့ပေါင်းသွားတယ်ဆိုပြီး အခုရက်ပိုင်းထဲ ပြောနေကြတာတော့ကြားတယ်။ ဖြစ်နိုင်ချေ ရာခိုင်နှုန်းကတော့ များတယ်။...









