ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့၊ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀၀)ကျော် လက်နက်ချအညံ့ခံ
အောက်တိုဘာလ (၈)ရက်။ ဒီကနေ့ နံနက် (၈)နာရီအချိန်က စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ပင်လည်ဘူးမြို့ကို တစ်လကျော်လောက် တော်လှန်ရေးတပ်တွေက ပိတ်ဆို့ဖြတ်တောက်ထားလိုက်တာကြောင့်...