ဖေဖော်ဝါရီလ (၂၁)ရက်။
ဖေဖော်ဝါရီလ (၁၉)ရက်နေ့ နံနက်(၁၀)နာရီခွဲအချိန်က မုံရွာမြိုအဝင်ရှိ စစ်ကောင်စီရဲ့ မအူဂိတ်ကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
“ (၁၉)ရက်နေ့က စကစရဲ့ မအူဂိတ်ကနေ တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီစကစရဲ့ လက်နက်ကြီးကြောင့် ကျွန်းကြီးရွာက ပြည်သူ (၄)ဦး သေဆုံးခဲ့ရပါတယ်” လို ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီအထိုင်ချထားတဲ့ မအူဂိတ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ မုံရွာနယ် ကျွန်းကြီးရွယကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ (၄)ဦး ထိမှန်သေဆုံးခဲ့တယ်လို သိရပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူတွေထဲ အသက်(၇)နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦး ပါဝင်ကာ အိုးအိမ်စည်းစိမ်တွေလဲ ပျက်စီးဆုံးရှုးတာတွေ ရှိခဲ့တယ်လို သူက ပြောဆိုထားပါတယ်။
ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကလဲ စစ်ကောင်စီဟာ မုံရွာ၊ ချောင်းဦးနဲ့ ဆားလင်းကြီးမြိုနယ်ရှိ ချင်းတွင်းမြစ်ကြောင်းတလျှောက်က ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲ့ဒီလို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ အရပ်သားပြည်သူ (၁၀)ဦးကျော် သေဆုံးခဲ့ရသလို စစ်ကြောင်းထိုးတာတွေကြောင့်လဲ ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို သိရပါတယ်။


