ရှမ်းမြောက်နဲ့ ပြင်ဦးလွင်တို့မှာ တိုက်ပွဲတွေပြန်ဖြစ်နေ၊ ၁၀၂၇နောက်တလှိုင်းလာပြီလို့ တော်လှန်ရေးအင်အားစုတွေပြော
ဇွန်လ (၂၅)ရက်။ ဒီကနေ့ နံနက်(၆)နာရီခွဲအချိန်ကစပြီး ရှမ်းမြောက်ဒေသနဲ့ ပြင်ဦးလွင်ခရိုင်တို့ကနေရာတွေမှာ တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ ဒီမနက် (၆)နာရီကျော်လောက်ကစပြီး နောင်ချိုနဲ့ ကျောက်မဲဘက်မှာ တိုက်ပွဲတွေဖြစ်နေတာ၊ စခန်းသာတောင်ဘက်နဲ့ ငြိမ်းချမ်းရေးစခန်းကုန်းဘက်မှာလဲ ပစ်ခတ်သံတွေကြားရတယ်၊ လမ်းပိုင်းတွေလဲ...