နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 17 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ကူမင်းဆွေးနွေးပွဲမစခင် တရက်အလို နောင်ချိုမြို့ကို စစ်ကောင်စီ ဗုံးအလုံးရေ (၁၇၀)ကျော် တိုက်ခိုက်ခဲ့

ဖေဖော်ဝါရီလ (၁၆)ရက်။

မနေ့က နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေအပါအဝင် လေယာဉ်နဲ့ ဗုံး (၁၇၅)လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ တောင်ခမ်းစခန်းရှိ ခမရ(၄၀၆) တပ်ရင်း (၃၅၄)နဲ့ တပ်ရင်း (၉၀၂)တို့ကနေ နောင်ချိုမြို့ရှိ နာဆွေရွာ၊ အုမ္မတီးရွာ၊ ညောင်နီရွာနဲ့ တောင်ရွှေရွာတို့ကို လက်နက်ကြီးအလုံးရေ (၁၃၇)လုံး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့တရက်ထဲ နေ့လယ် (၂)နာရီအချိန်မှာပဲ စစ်ကောင်စီတပ်ဟာ Y-12 လေယာဉ်နဲ့ နာဆွေကျေးရွာထဲကို ဗုံး (၃၈)လုံး ထပ်မံကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နောင်ချိုမြို့နယ်ထဲရှိ ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ ထိခိုက်ပျက်စီးတဲ့အခြေအနေကိုတော့ TNLA က ပြောဆိုထားတာမရှိပါဘူး။

ဒါ့အပြင် မနေ့က နေ့လယ်ပိုင်းအချိန်ကလဲ အုမ္မတီးရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ TNLA တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်တာတွေရှိခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေက ရေးသားထားပါတယ်။

ဒီကနေ့ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုနဲ့ ကူမင်းမြို့မှာ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့နဲ့ TNLA တို့ နှစ်ဖက်တွေ့ဆုံပွဲမပြုလုပ်ခင် တရက်အလိုမှာ စစ်ကောင်စီက အခုလို တိုက်ခိုက်ခဲ့တာပါ။

နောင်ချိုမြို့ဟာ TNLA က သိမ်းပိုကထိန်းချုပ်ခဲ့ပြီးနောက် စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့အပေါ် မကြာခဏဆိုသလို ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေကာ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

‌ဖေဖော်ဝါရီလ (၁၀)ရက်နေ့ကလဲ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ဗုံးအလုံးရေ (၂၀)ခန့် ကြဲချတိုက်ခိုက်ခဲ့ကာ ဒေသခံ (၅)ဦးသေဆုံးပြီး (၁၉)ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အမေရိကန်

အမေရိကန်အသံ Voice of America သည် Associated Press၊ Reuters နှင့် Agence France Presse (AFP) တို့နှင့် စာချုပ်များကို အဆုံးသတ်လိုက်သည်။

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 16 Views
The Voice of America ကို လည်ပတ်သည့် အစိုးရအေဂျင်စီသည် အေပီသတင်းဌာန၊ ရိုက်တာ၊ AFPတို့နှင့် စာချုပ်များကို ရပ်စဲလိုက်ပြီး
1027 Operations

နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲ၊ လူထိခိုက်တာတွေ အများအပြားရှိခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 15 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ညနေ (၅)နာရီခွဲအချိန်က နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဖားအံမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 22 Views
မတ်လ (၁၆)ရက်။ မတ်လ (၁၁)ရက်နေ့က ဖားအံမြို့နယ်ထဲရှိ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ကမမောင်းတပ်စခန်းကနေ (၁၂၀)မမ လက်နက်ကြီး (၃)လုံးနဲ့
မြန်မာသတင်း

ရွှေစာရံဘုရားပွဲလာတဲ့ ကားတစ်စီး တိမ်းမှောက်ကာ (၆)ဦးသေဆုံး

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 13 Views
မတ်လ (၁၆)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကျောက်ဆည်-အုန်းချော ခရိုင်ချင်းဆက်လမ်းမကြီးပေါ်ရှိ ရွှေစာရံမြစ်ကူးတံတားအနီးမှာ ကားတစ်စီး တိမ်းမှောက်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။ “ အဲ့ကားလေးက ပြင်ဦးလွင် မိုးကြိုးရွာက ရွှေစာရံဘုရားပွဲကို လာရောက်လည်ပတ်တာ။ အဲ့ဒါ ရွှေစာရံမြစ်ကူးတံတားနားက
မြန်မာသတင်း

စီးပွားရေးပိတ်ဆို့တာတွေကြောင့် ကုန်ထုတ်လုပ်မှုတိုးမြှင့်ပြီး ပို့ကုန်ကဏ္ဍမြှင့်တင်ဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 22 Views
မတ်လ (၁၆)ရက်။ အခုအခါ နိုင်ငံမှာ စီးပွားရေးအရ ပိတ်ဆို့တာတွေကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုတွေကို တိုးမြှင့်ပြီး ပို့ကုန်ကဏ္ဍမြှင့်တင်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ရန်ကုန်ရှိ အေးရှာဝေါဆိပ်ကမ်းကို‌ ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အရင်က ဆိပ်ကမ်းဟာ
မြန်မာသတင်း

ကျွန်းစုမြို့မှာ စစ်ကောင်စီရေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 26 Views
မတ်လ (၁၅)ရက်။ မတ်လ (၁၃)ရက်နေ့ ည(၇)နာရီအချိန်ခန့်က ကျွန်းစုမြို့န်ူ ဝန်တောင်ကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေပါတဲ့ ရေယာဉ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကဖတပ်ဖွဲ့ဝင်တွေက ဝန်တောင်ဘက်ကို ခရီးထွက်လာတဲ့အချိန် မိုင်းတွေးရွာပျူစောထီးနဲ့
မြန်မာသတင်း

ရေးမြို့မှာ စစ်ကောင်စီတပ်ကြပ်ကြီးအပါအဝင် (၆)ဦး လက်နက်ခဲယမ်းတွေနဲ့ ရေးဘီလူးထံ အလင်းဝင်

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 17 Views
မတ်လ (၁၅)ရက်။ မနေ့က ရေးမြို့ရှိ စစ်ကောင်စီရဲ့ တပ်ကြက်ကြီးတစ်ဦးအပါအဝင် (၆)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ရေးဘီလူးတပ်ရင်းရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေးမြို့ စကခ(၁၉)တပ်မမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်ကြပ်ကြီးနဲ့ တပ်သား (၅)ဦး
မြန်မာသတင်း

တော်လှန်ရေးရဲဘော်တွေနေရာကို ပြည်သူယောင်ဆောင်ပြီး လာစုံစမ်းတဲ့ စစ်ကောင်စီတပ်ကြပ်ကြီး ပစ်ခတ်ခံရကာ သေဆုံး

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 24 Views
မတ်လ (၁၅)ရက်။ ဒီကနေ့ ကြို့ပင်ကောက်မြို့ရှိ ဥယျာဉ်ကြီးရွာအနီး တော်လှန်ရေးရဲဘော်တွေ ကင်းစောင့်နေတဲ့နေရာကို စစ်ကောင်စီရဲ့ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးက စုံစမ်းတာတွေပြုလုပ်ခဲ့တယ်လို့ Yoma GBK-PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဥယျာဉ်ကြီးရွာအနီးမှာ ကာကွယ်ရေးအဖွဲ့တွေ လုံခြုံရေးယူပြီး ကင်းစောင့်နေတဲ့နေရာကို