ဖေဖော်ဝါရီလ (၁၅)ရက်။
ဖေဖော်ဝါရီလ (၅)ရက်နေ့က မြဝတီမြို့တောင်ဘက်ရှိ ကနဲလေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Cobra Column 2 Venom ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ (၅)ရက်နေ့က ကနဲလေးစခန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်” လို့ ဆိုပါတယ်။
ကနဲလေးစခန်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီထံက လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တာကို Cobra Column 2 Venom က သတင်းဓါတ်ပုံနဲ့အတူ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။
နောက်ပြီး Cobra Column 2 Venom ရဲ့ ထုတ်ပြန်ချက်ထဲ “ အောင်မြင်မှုရရှိသည့် တော်လှန်ရေးတိုင်းဟာ စိတ်ရောကိုယ်ပါနစ်မြုပ်၍ ပြည်သူလူထု၏အကျိုးစီးပွားကို အမှန်တကယ်လိုလားသော ရည်မှန်းချက်ကြီးသူတို့သာ တွေ့ရ၏” ဆိုပြီး ပြောဆိုထားတယ်လို့ သိရပါတယ်။

