မြိုင်မြို့နယ်မှာ မင်္ဂလာဆောင်ပြုလုပ်နေတဲ့ ဘုန်းကြီးကျောင်း ဗုံးကြဲခံရ၊ ပြည်သူ (၂၀)ကျော် ထိမှန်ခဲ့
ဖေဖော်ဝါရီလ (၂၅)ရက်။ ဒီကနေ့ နံနက်ပိုင်းက မြိုင်မြို့နယ်ရှိ ဆုံကုန်ရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ “ မနက် (၁၀)နာရီလောက် ဆုံကုန်ဘုန်းကြီးကျောင်းမှာ မင်္ဂလာဆောင်လုပ်နေတဲ့အချိန် ဗုံးကြဲခံရတာ။ ပေါင် ၅၀၀ဗုံး...









