နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလောမြို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူ (၂)ဦး ရှေ့တန်းစစ်မြေပြင်ကနေ ထွက်ပြေးအလင်းဝင်

မတ်လ (၁၁)ရက်။

ဖေဖော်ဝါရီလ (၁၂)ရက်နေ့က ပုလောမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၂၈၅)တပ်ရင်းက တပ်သား (၂)ဦး ထွက်ပြေးအလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ အဲ့ဒီတပ်သား (၂)ဦးက ပုလောအခြေစိုက် ခလရ(၂၈၅)တပ်ရင်းက၊ သိန်ခွန်းတိုက်ပွဲကနေ ထွက်ပြေးလာပြီး ပကဖထံ အလင်းဝင်လာခဲ့တာ” လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ တပ်သား (၂)ဦးဟာ မောင်မျိုးနဲ့ ဂျာဂျာတို့ဖြစ်ကာ ဧရာဝတီတိုင်း၊ ကွင်းကောင့်မြို့တန်းမြင့်တင်၊လေ့ကျင့်ရေးကျောင်းက အပတ်စဉ်(၁)နဲ့ ရှမ်းပြည်နယ်၊ကျိုင်းတုံ အပတ်စဉ်(၁) သင်တန်းဆင်းတွေလို့ ဖော်ပြထားပါတယ်။

သူတို့ဟာ စစ်ကောင်စီရဲ့ ခလရ(၂၈၅)တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ရပြီး တနင်္သာရီမြို့ သိန်ခွန်းရွာတိုက်ပွဲရဲ့ ရှေ့တန်းစစ်မြေပြင်ကနေ ထွက်ပြေးလွတ်မြောက်လာကာ မြို့နယ်ပကဖထံ အလင်းဝင်လာခဲ့တာလို့ ရေးသားထားပါတယ်။

အဲ့ဒီတပ်သား (၂)ဦးဟာ မတရား အတင်းအဓမ္မ တပ်သားစုဆောင်းခံရတာမှာ ပါဝင်ခဲ့ကြသူတွေဖြစ်ပြီး ရပ်ရွာထဲ အလှည့်ကျ မဲနှိုက်ပေါက်သူနဲ့ အလုပ်ကအပြန် ဖမ်းဆီးခံရသူတွေလို့ ပြောဆိုထားပါတယ်။

အလင်းဝင်လာတဲ့သူ (၂)ဦးထဲက တစ်ဦးဟာ တပ်ရင်းနဲ့ပူးပေါင်းပြီး စစ်ကောင်စီကို ပြန်တိုက်မှာဖြစ်သလို အခုအခါ ဘေးကင်းလုံခြုံတဲ့နေရာမှာ စီစဉ်ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 1 Views
မတ်လ (၂၇)ရက်။ မနေ့က ည (၆)နာရီခွဲအချိန် နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၅)လုံး
မြန်မာသတင်း

ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာအရောင်းဆိုင်တွေ သင်္ကြန်ကာလထဲ ယာယီပိတ်ထားဖို့ ကာကွယ်ရေးတပ်တွေ အမိန့်ထုတ်

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ ဆောမြို့ပေါ်ရှိ အရက်၊ ဘီယာဆိုင်တွေကို ယာယီပိတ်ထားဖို့ နယ်မြေခံကာကွယ်ရေးတပ်ရင်းတွေက မတ်လ (၁၆)ရက်နေ့ရက်စွဲနဲ့ အမိန့်ထုတ်ပြန်ထားတယ်လို့ ဒေသတွင်းသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ရဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင်က အငြိမ်းစားစစ်တပ်အရာရှိတွေနဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 10 Views
မတ်လ (၂၇)ရက်။ စစ်တပ်ရဲ့ အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းနေတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ တပ်မတော်နေ့ကို တက်ရောက်မယ့် အငြိမ်းစားစစ်တပ်အရာရှိတွေကို ဂါရဝပြုချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်က အခု အခမ်းအနားကို တက်ရောက်လာတဲ့ အငြိမ်းစားစစ်တပ်အရာရှိကြီးတွေဟာ
မြန်မာသတင်း

မကြာမီ ပြည်သူတွေအားလုံး အောင်ပွဲဆွတ်ခူးနိုင်တော့မယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 5 Views
မတ်လ (၂၇)ရက်။ မကြာမီကာလမှာ ပြည်သူတွေအားလုံးအတွက် အောင်ပွဲဆွတ်ခူးနိုင်တော့မယ်လို့ NUG က ဒီကနေ့မှာကျရောက်တဲ့ (၈၀)နှစ်ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG အနေနဲ့ အတိတ်သမိုင်းကာလတွေမှာ တိုင်းရင်းသားပြည်သူတွေအားလုံး စုစည်းညီညွတ်မှု၊ အပြန်အလှန် ယုံကြည်လေးစား အသိအမှတ်ပြုမှုတို့နဲ့
မြန်မာသတင်း

ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲခံရပြီး တစ်ဦးသေဆုံးကာ (၅)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 11 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၃)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KLG-PDF ကျောက်လုံးကြီးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ (၃)ရက်တာထဲ ကနီမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ နတ်ကြီးရွာရေဆိပ်ကို
မြန်မာသတင်း

ထိုင်း-မြန်မာနယ်စပ် စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 14 Views
မတ်လ (၂၆)ရက်။ မနေ့က ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲ့မြို့နယ်ထဲရှိ စစ်ကောင်စီရဲ့ ခလယ်ဒေးတပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခလယ်ဒေးတပ်စခန်းကို တော်လှန်ရေးတပ်တွေက မတ်လ (၂၂)ရက်နေ့က
မြန်မာသတင်း

ရန်ကုန်-မော်လမြိုင်လမ်းပေါ် ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီစသုံးလုံးအဖွဲ့ တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံး

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 15 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၃)ရက်နေ့ ညနေ (၅)နာရီ (၂၀)မိနစ်အချိန်က ကျိုက်ထိုမြို့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က စစ်ကောင်စီရဲ့ စသုံးလုံးအဖွဲ့တွေကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းပေါ်မှာ လမ်းသွားလမ်းလာတွေ
မြန်မာသတင်း

နွားထိုးကြီးမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် မိသားစုဝင် (၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 26 ရက်
  • 22 Views
မတ်လ (၂၆)ရက်။ မနေ့က နေ့လယ် (၁)နာရီဝန်းကျင်က နွားထိုးကြီးမြို့ မာန်လည်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချင်တွေအရ သိရပါတယ်။ “ နေ့လယ် (၁)နာရီလောက် မာန်လည်ရွာတောင်ပိုင်းကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စကစက