ကျောက်ဂူဒေသမှာ စစ်ကောင်စီတပ်နဲ့ DPLA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ
ဒီဇင်ဘာလ (၁၉)ရက်။ ရက်စောက်မြို့ ကျောက်ဂူအမြောက်တပ်(အမတ-၃၄၉)အနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နေ့လယ် (၃)နာရီခန့်မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် ထမင်းပေါင်းကျေးရွာက အရပ်သားတစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့...









