နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်သူကို ဘဏ်ဝန်ထမ်းနဲ့ ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့

ဇန်နဝါရီလ (၁၁)ရက်။

ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မန္တလေး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် လမ်း(၄၀)၊ (၇၂)လမ်းနဲ့ (၇၃)လမ်းကြားရှိ KBZ ဘဏ်ခွဲ (၃၇)မှာ သေနတ်ပြဓါးပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

“ အိမ်နားက KBZ ဘဏ်ကို အမျိုးသားတစ်ယောက်ထဲ သေနတ်ပြ ခြိမ်းခြောက်ပြီး ဓါးပြတိုက်တာ။ အဲ့ဒီလူကို ဘဏ်ဝန်ထမ်းတွေနဲ့ အနီးကလုတွေက ဝိုင်းဖမ်းတာကြောင့် ဖမ်းမိသွားတယ်။ သေနတ်သံလဲ ကြားရတယ်” လို့ အနီးနေသူတစ်ဦးက ဆိုပါတယ်။

KBZ ဘဏ်ခွဲ (၃၇)မှာ အမျိုးသားတစ်ဦးက ငွေလွှဲငွေထုတ် ပြုလုပ်မယ့်ပုံစံနဲ့ ဝင်လာပြီး ကောင်တာ အမှတ်(၄)မှာ သေနတ်ပြခြိမ်းခြောက်ကာ အသင့်ပါလာတဲ့ ကျောပိုးအိတ်ထဲကို ငွေတွေထည့်ခိုင်းခဲ့တာလို့ သိရပါတယ်။

လုယက်ဓါးပြတိုက်သူဟာ ငွေတွေယူပြီးနောက် ဘဏ်ဝင်ပေါက်‌ကနေ ပြန်ထွက်ချိန် ဘဏ်ဝန်ထမ်းတွေနဲ့ အနီးရှိ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တာကြောင့် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလို ဝိုင်းဝန်းဖမ်းဆီးချိန် လုယက်ဓါးပြတိုက်သူက သေနတ်ပစ်ဖောက်ခဲ့တာကြောင့် ဘဏ်ဝန်ထမ်းတစ်ဦး သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီသတင်းတွေက ဖော်ပြထားပါတယ်။

အခုအခါ ဘဏ်ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးရမိခဲ့တဲ့ ကျူးလွန်သူကို စစ်ကောင်စီတပ်က ခေါ်ဆောင်သွားခဲ့ပြီး ဆက်လက်စစ်ဆေးနေတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျားဖြန့်ဂိုဏ်းတွေကို နိုင်ငံတကာနဲ့ လက်တွဲတိုက်ဖျက်သွားမယ်လို့ BGF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 1 Views
ဇန်နဝါရီလ (၂၃)ရက်။ ကျားဖြန့်ဂိုဏ်းတွေကို ဒေသအာဏာပိုင်အဖွဲ့တွေအပါအဝင် နိုင်ငံတကာတို့နဲ့ ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမယ်လို့ ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ BGF က မနေ့က
မြန်မာသတင်း

အခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 1 Views
ဇန်နဝါရီလ (၂၃)ရက်။ အခု ၂၀၂၅ခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ရဲ့ ဇန်နဝါရီလ (၂၁)ရက်နေ့ကပြုလုပ်တဲ့ Press
မြန်မာသတင်း

ဆောထိမြို့နယ်မှာ စစ်ကောင်စီဒရုန်းကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ပြီး (၂)ဦးဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 1 Views
ဇန်နဝါရီလ (၂၃)ရက်။ ဇန်နဝါရီလ (၂၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆောထိမြို့နယ်ရှိ ရေကြည်ချောင်းရွာ ဘုန်းကြီးကျောင်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ ရေကြည်ချောင်းရွာဘုန်းကြီးကျောင်းကနေ စစ်ကောင်စီက
မြန်မာသတင်း

တနင်္သာရီမြို့ သိန်ခွန်းရွာအနီး တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က အရပ်သားတွေကို ပေါ်တာဆွဲတာနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 14 Views
ဇန်နဝါရီလ (၂၃)ရက်။ တနင်္သာရီမြို့ရှိ မောတောင်နယ်စပ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ သိန်ခွန်းကျေးရွာအနီး တိုက်ပွဲပြင်းထန်နေတယ်လို့ တိုင်းစစ်ဌာန(တနင်္သာရီ)ရဲ့ ဗျူဟာ(၃၅)နယ်မြေတာဝန်ခံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကစက တနင်္သာရီ မောတောင်နယ်စပ်မြို့ကို စစ်ကြောင်းထိုးလာတာကြောင့် သိန်ခွန်းကျေးရွာအနီးမှာ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ တိုက်ပွဲပြင်းထန်နေတာ”
မြန်မာသတင်း

အစည်းအဝေးတွေနဲ့ အချိန်ကုန်ကြရမယ့်ကာလ မဟုတ်တော့ဘူးလို့ NUG ဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 12 Views
ဇန်နဝါရီလ (၂၃)ရက်။ အစည်းအဝေးတွေထိုင်ရင်း အချိန်ကုန်ကြရတော့မယ့်ကာလ မဟုတ်တော့ဘူးလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ အခုရက်ပိုင်းထဲ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ သတိပေးပြော‌ဆိုခဲ့တယ်လို့ သိရပါတယ်။ “ အစည်းအဝေးတွေထိုင်ရင်း အချိန်ကုန်ကြရတော့မယ့်ကာလ မဟုတ်တော့တာကြောင့် တွေ့ဆုံမှုတိုင်းကို ရလဒ်ကောင်းကောင်းထွက်အောင် ကြိုးစားပြီး
မြန်မာသတင်း

ရုပ်သံရိုက်ကူးထုတ်လွှင့်တာတွေကို AI နည်းပညာနဲ့ ပြောင်းလဲဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 6 Views
ဇန်နဝါရီလ (၂၃)ရက်။ ရုပ်သံရိုက်ကူးထုတ်လွှင့်တာတွေကို AI နည်းပညာနဲ့ ပြောင်းလဲဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က စစ်တပ်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်(တောင်ညို)မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်တွေအနေနဲ့ ရုပ်မြင်သံကြားထုတ်လွှင့်တာနဲ့ပတ်သက်ပြီး အတိုင်းအတာတခုအထိ အတွေ့အကြုံရှိပြီးဖြစ်ကာ ပြည်ပရုပ်သံလိုင်းတွေရဲ့ ရိုက်ကူးထုတ်လွှင့်တာတွေကို လေ့လာဖို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဒေသခံအများစု နေရပ်စွန့်ခွာနေတဲ့ ချောင်းသာမှာ ဟိုတယ်နဲ့ တည်းခိုခန်းတွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီ ခြိမ်းခြောက်ဖိအားပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 16 Views
ဇန်နဝါရီလ (၂၂)ရက်။ ချောင်းသာမြို့မှာ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက အဓမ္မဖိအားပေးနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ တိုက်ပွဲမဖြစ်သေးပေမယ့် ချောင်းသာမှာဒေသခံ အများစုက ထွက်ပြေးတိမ်းရှောင်နေကြပြီ။ အခုလိုအခြေအနေမှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေနဲ့
မြန်မာသတင်း

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ MDY-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 14 Views
ဇန်နဝါရီလ (၂၂)ရက်။ မနေ့ကစပြီး မတ္တရာ၊ နောင်ချိုနဲ့ သပိတ်ကျင်းမြို့တို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ မတ္တရာမြို့နယ်ထဲ လက်နက်ကြီးပစ်ခတ်တာတွေသာမက မြေပြင်စစ်ကြောင်းတွေပါ အင်အားဖြည့်တင်းလာနေတာလို့ ဆိုပါတယ်။