လားရှိုးထောင်ပွင့်တဲ့အချိန် လွတ်မြောက်သွားသူတွေထဲ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် မိသားစုနဲ့ အဆက်အသွယ်မရသေး
ဇူလိုင်လ (၂၉)ရက်။ တိုက်ပွဲဖြစ်ပွားနေတဲ့ လားရှိုးမြို့မှာ အကျဉ်းထောင်ပွင့်သွားချိန် လွတ်မြောက်သူတွေထဲ နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်လဲ ပါ၀င်ခဲ့တယ်လို့ သိရပါတယ်။ မနေ့က အကျဉ်းထောင်ပွင့်တဲ့အချိန် လွတ်မြောက်သွားသူတွေထဲပါ၀င်တဲ့ ဦးထွန်းထွန်းဟိန်ဟာ ဒီကနေ့ နံနက်ပိုင်းအချိန်အထိ မိသားစု၀င်တွေနဲ့ အဆက်အသွယ်မရသေးဘူးလို့...