နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ငဖဲမြို့မှာ စစ်ကောင်စီရိက္ခာကား (၃)စီး တိုက်ခိုက်ခံရကာ (၉)ဦးထက်မနည်းသေဆုံးပြီး ကား(၂)စီး ပျက်စီးခဲ့

တလကျော်ကာလထဲ စစ်ကောင်စီအင်အား (၅၀)ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ PRA-MAGWAY ထုတ်ပြန်

ဒီဇင်ဘာလ (၅)ရက်။

မနေ့က နေ့လယ် (၁)နာရီခန့်က ငဲမြို့နယ်မှာ အင်အား (၅၀)ခန့်ပါ စစ်ကောင်စီရဲ့ ရိက္ခာကား (၃)စီးကို ခြုံခိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PRA-Magway ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“စွန်တက်ရွာနဲ့ လင်းတဲရွာကြားမှာ စကစရိက္ခာကား (၃)စီးကို ခြုံခိုမိုင်းဆွဲခဲ့တာပါ။ (၁၀)မိနစ်ကျော် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ထိခိုက်သေဆုံးတာတွေနဲ့ ကား (၂)စီး ရှေ့ဆက်သွားလို့မရတဲ့အထိ ပျက်စီးသွားတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီရိက္ခာကား (၃)စီးကို ငဖဲမြို့ရှိ စွန်တက်ရွာနဲ့ လင်းတဲရွာကြားမှာ PRA-Magway တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကာ (၁၀)မိနစ်ကျော်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၉)ဦးထက်မနည်း သေဆုံးခဲ့ပြီး စစ်ကောင်စီရဲ့ ရိက္ခာကား (၂)စီး ထိမှန်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပြီး နိုဝင်ဘာလ (၂၃)ရက်နေ့ကလဲ ဘုံဘောရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား (၉၀)ခန့်ပါ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ (၅)နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၁၄)ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် အများအပြားနဲ့ ပစ်ခတ်ကာ စစ်ကြောင်းတိုးလာခဲ့တာကြောင့် ခေတ္တဆုတ်ခွာခဲ့ရပြီး ‌တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့လဲ ‌ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အမ်းမြို့အခြေစိုက် နပခဘက်ကနေ စစ်ရှုံးပြီးထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ပြေးတွေကို PRA-MAGWAY က ကင်းပုန်းချကာ ပိတ်ဆို့ဖမ်းဆီးတာတွေကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ အသိပေးထားပါတယ်။

PRA-MAGWAY အနေနဲ့ နိုဝင်ဘာလနဲ့ အခုလ ပထမအပတ်ထဲ စစ်ကောင်စီရဲ့ အင်အား (၅၀)ကျော်ကို ချေမှုန်းထားနိုင်ခဲ့ပြီး လက်နက်ငယ် (၈)လက်အပါအဝင် ခဲယမ်းနဲ့ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

လူထုတော်လှန်ရေးအင်အားစု(PRA-MAGWAY)ဟာ တစ်ဖွဲ့ချင်းအပါအဝင် မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ချမှတ်ထားတဲ့ စစ်ရေးရည်မှန်းချက်တွေကို တဆင့်ချင်း အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 116 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 97 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 92 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 80 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို