စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် မြိုင်မြို့က ပညာရေးလုပ်ငန်းစဉ်တွေ ယာယီရပ်ဆိုင်းထား
မေလ (၁၃)ရက်။ စစ်ကောင်စီရဲ့ လူမဆန်တဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် မြိုင်မြို့နယ်က ပညာရေးလုပ်ငန်းစဉ်တွေကို ယာယီရပ်ဆိုင်းထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တဲ့ အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့အတွက် မြိုင်မြို့နယ်ထဲက မြေပြင်ပြည်သူ့အခြေပြုကျောင်းတွေနဲ့ ပညာရေးလုပ်ငန်းစဉ်အားလုံးကို ယာယီရပ်ဆိုင်းထားဖို့ အသိပေးထားပါတယ်။...