နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

1027 Operations

1027 Operations မြန်မာသတင်း

စစ်ရေးတင်းမာတာတွေ တွေ့ဆုံဆွေးနွေးဖို့ အမြဲအသင့်ရှိတယ်လို့ TNLA ထုတ်ပြန်

နိုဝင်ဘာလ (၂၅)ရက်။

နှစ်ဖက်စစ်ရေးတင်းမာတာတွေ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ အမြဲတမ်းအဆင်သင့်ရှိတယ်လို့ TNLA ရဲ့ ဒီ‌ကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တအာင်းဒေသတိုက်ပွဲထဲ စစ်ကောင်စီရဲ့ လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးဒဏ်ခံစားရတဲ့ ပြည်သူတွေကို ငဲ့ညာထောက်ထားတာ၊ အပစ်ရပ်ဖို့ ကြိုးစားနေတဲ့ တရုတ်အစိုးရရဲ့ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြုတာနဲ့ ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေ အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေးအခြေအနေ တည်ဆောက်နိုင်ဖို့အတွက် တရုတ်ရဲ့ ကြားဝင်စေ့စပ် ကြိုးပမ်းနေတာကို အပြုသဘောဆောင် ကောင်းကျိုးရှိတဲ့အပြင် ကောင်းမွန်တဲ့ရလဒ်တွေ ရရှိဖို့ ဆက်လက်ပူးပေါင်းသွားမယ်လို့ ဖော်ပြထားပါတယ်။

ညီနောင်(၃)ဖွဲ့ရဲ့ “ ၁၀၂၇ စစ်ဆင်ရေး” ဟာ နှစ်ပတ်လည်လာခဲ့ပြီဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ တပ်စခန်းတွေ၊ စစ်ကြောင်းတွေကို ကင်းစင်အောင် တိုက်ထုတ်နိုင်ခဲ့ပေမယ့် စစ်ကောင်စီဟာ ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေတာကြောင့် အပြစ်မဲ့ပြည်သူတွေဟာ စစ်ဘေးဒဏ်ကို ဆိုးရွားစွာ ခံစားနေကြရတယ်လို့ ရေးသားထားပါတယ်။

TNLA အနေနဲ့ တအာင်းလူမျိုးတွေ အဖိနှိပ်ခံဘဝကနေ လွတ်မြောက်ဖို့နဲ့ တအာင်းပြည်နယ်ရရှိဖို့အတွက် လက်နက်ကိုင်တိုက်ပွဲဝင်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို ပြည်သူနဲ့အတူ တည်ဆောက်ဖို့ အမြဲကြိုးပမ်းနေတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် စစ်ဘေးဒဏ် အလူးအလဲခံစားနေရတဲ့ ပြည်သူကို ထောက်ထားညှာတာတာနဲ့အတူ ခုခံကာကွယ်ခွင့်ကို ကိုင်စွဲပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အမြဲအသင့်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်ဒေသ တည်ငြိမ်ဖို့နဲ့ အပစ်ရပ်ဖို့ တရုတ်ဘက်က TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးတာတွေရှိနေကာ တရုတ်ရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့အပေါ် လက်မခံဘူးလို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

အခုအခါ TNLA ဟာ “ ၁၀၂၇ စစ်ဆင်ရေး” တစ်နှစ်တာကာလထဲ စစ်ကောင်စီရဲ့ တပ်စခန်းကြီးငယ် စုစုပေါင်း (၁၅၀)ကျော်နဲ့ မြို့ (၁၂)မြို့အထိကို တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 1 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 4 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 11 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 13 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 13 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့