နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

“ ဝ” တောင်ပိုင်းရှိ တပ်စခန်း (၉)ခုကို ထိုင်းဘက်က ဖယ်ရှားခိုင်းထားတာကို UWSA အတည်ပြု

နိုဝင်ဘယလ (၂၆)ရက်။

“ ဝ” ပြည်နယ်တောင်ပိုင်းရှိ UWSA ရဲ့ တပ်စခန်း (၉)ခုကို ထိုင်းနိုင်ငံဘက်က ဖယ်ရှားခိုင်းထားတယ်လို့ UWSA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းရဲ့ အတည်ပြု ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။

“ ဝပြည်တောင်ပိုင်း (၁၇၁)ဧရိယာဒေသထဲက တပ်စခန်း (၉)ခုကို ဖယ်ရှားခိုင်းတယ်ဆိုတာ မှန်ပါတယ်။ ဒါက နိုင်ငံအချင်းချင်း ဆွေးနွေးရမယ့်ကိစ္စပါ။ ဒီကိစ္စကို ခေါင်းဆောင်ပိုင်းတွေကိုလဲ သတင်းပို့ထားပါတယ်” လို့ သူက ဆိုပါတယ်။

“ ဝ” ပြည်တောင်ပိုင်း (၁၇၁)ဧရိယာဒေသထဲက UWSA ရဲ့ တပ်စခန်း (၉)ခုဟာ ထိုင်း-မြန်မာနယ်စပ်၊ မယ်ဟောင်ဆိုင်ခရိုင်ထဲရှိ စည်းမျဉ်းဘက်ကဖြစ်တာကြောင့် ထိုင်းတော်ဝင်စစ်တပ်က ဖယ်ရှားခိုင်းတာလို့ သိရပါတယ်။

အခုလို တပ်စခန်းတွေ ဖယ်ရှားခိုင်းတဲ့ကိစ္စဟာ နိုင်ငံအချင်းချင်း ဆွေးနွေးရမှာဖြစ်သလို သက်ဆိုင်ရာ ခေါင်းဆောင်ပိုင်းတွေကိုလဲ သတင်းပေးပို့ထားကာ အခုအခါ ထိုင်းဘက်က အင်အားတိုးချဲ့ ချထားတယ်လို့ ဆိုပါတယ်။

နောက်ပြီး ထိုင်းစစ်တပ်က “ ဝ” ပြည်တောင်ပိုင်းက တပ်စခန်း (၉)ခုကို လာမယ့် ဒီဇင်ဘာလ (၁၈)ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ ပြောဆိုထားပေမယ့် UWSA ဘက်က တောင်းဆိုချက်ကို ပယ်ချခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

တောင်းဆိုချက်ကို ပယ်ချတာဟာ တပ်စခန်းနယ်မြေတွေဟာ ထိုင်းနယ်မြေမဟုတ်ဘဲ UWSA က အချုပ်အခြာအာဏာကို ကာကွယ်တာသာဖြစ်ပြီး ထိုင်းစစ်တပ်ဘက်က ကျူးကျော်လာရင် လက်တုံ့ပြန်မယ်ဆိုပြီး ပြောဆိုထားပါတယ်။

အခုလိုမျိုး နယ်မြေအငြင်းပွားတာတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုအကြာလောက်ကထဲက ရှ်ိခဲ့ပြီး ထိုင်းဘက်က UWSA ရဲ့ တပ်စခန်းတွေကို ဖယ်ရှားပေးဖို့အတွက် မကြာခဏဆိုသလို တောင်းဆိုလေ့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“အာဆီယံကို ခွေးတိုးပေါက်ကသာ ဝင်ရမယ့် သမတအတု”

  • 2026 ခုနှစ်၊ မေလ 10 ရက်
  • 4 Views
ခေတ်မျက်လုံးရဲ့အပတ်စဥ် နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၄၆)မှာ မင်းအောင်လှိုင် အနေနဲ့ ဟန်ပြရွေးကောက်ပွဲလုပ် ကိုယ့်ဖဲ့ကိုယ်ချိုးပြီး ပြည်သူက တင်မြှောက်လိုက်တဲ့ သမတအဖြစ်ကြေငြာပေမဲ့ အာဆီယံကို
မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 20 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနေ့ နေ့လယ် (၂)နာရီ
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 21 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 18 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က
မြန်မာသတင်း

ဂန့်ဂေါနယ်မှာ လူငယ်တွေ ခရီးသွားလာခွင့် ပအဖနဲ့ ပကဖ ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 22 Views
မလိုက်နာဘဲ ဖမ်းမိရင် စစ်ပညာသင်တန်းတက်စေပြီး တော်လှန်ရေးအဖွဲတွေမှာ တာဝန်ထမ်းဆောင်ရမယ်လိုဆို မေလ (၈)ရက်။ ဂန့်ဂေါမြိုနယ်မှာ အသက် (၁၈)နှစ်နဲ့ (၃၅)နှစ်ကြားရှိ လူငယ်တွေကို ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားလာခွင့်ကို ပအဖနဲ့ ပကဖက ပိတ်ပင်ထားတယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအကြောင်းကြားစာကို
မြန်မာသတင်း

ကနီမှာ Star Link အင်တာနက်စက်တွေ ယာယီပိတ်သိမ်းဖို ညွှန်ကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 27 Views
မေလ (၈)ရက်။ ကနီမြိုနယ်မှာ Star Link အင်တာနက်စက်တွေကို ယာယီပိတ်သိမ်းထားဖို မြိုနယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။ ကနီနယ်ထဲ စစ်ကောင်စီစစ်ကြောင်းတွေ ရွာစဉ်လှည် စစ်ကြောင်းထိုးနေကာ စစ်ရေးအရှိန်မြင့်တက်လာတာနဲ့အတူ လေကြောင်းတိုက်ခိုက်တာတွေ ပိုများလာပြီး လုံခြုံရေး အထူးသတိပြုရမယ့်အချိန်လို
မြန်မာသတင်း

ဖာပွန်ခရိုင်မှာ သိန်း(၅၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 27 Views
မေလ (၈)ရက်။ ဖာပွန်ခရိုင်မှာ သိန်း(၄၉၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က သံလွင်မြစ်ထဲ လှေတစီးနဲ့ ဆီပုံးတွေ အသွင်ယူကာ တရားမဝင်