ကန့်ဘလူမှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက အစည်းအဝေးဆိုပြီး လူစုခိုင်းကာ ပြည်သူ (၅၀)ကျော်ကို ဖမ်းဆီးခဲ့
နိုဝင်ဘာလ (၄)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ကန့်ဘလူမြို့နယ်၊ ဘူးကြီးရွာက အပြစ်မဲ့ပြည်သူ (၅၀)ခန့်ကို စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ဖမ်းဆီးသွားခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ “ မနက်ပိုင်းက စကစနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း အင်အား...









