နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

တာချီလိတ်ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို လုယက်ခဲ့သူတွေကို စစ်ကောင်စီက အသေပစ်ခတ်ဖမ်းဆီးခဲ့

နိုဝင်ဘာလ (၁၆)ရက်။

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို ဝင်ရောက်လုယက်ခဲ့သူတွေကို အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နိုဝင်ဘာလ (၁၃)ရက်နေ့ နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်က တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ First Rate Mobile ဖုန်းဆိုင်ကို အမျိုးသား (၄)ဦးက သေနတ်နဲ့ ဝင်ရောက်ပစ်ခတ် လုယက်ခဲ့တာလို့ ဆိုပါတယ်။

လုယက်သူတွေဟာ ဆိုင်ထဲဝင်ရောက်ပြီး ဆိုင်ဝန်ထမ်းတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့သလို ဆိုင်ထဲရှိ iPhone အမျိုးအစား ဖုန်းအလုံး(၂၀) တန်ဖိုးငွေကျပ် (၁၁၂၁)သိန်းခန့်ကို လုယက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လုယက်သူတွေကို ဖမ်းဆီးရမိနိုင်ဖို့ ပိတ်ဆို့စစ်ဆေးခဲ့ရာ ဖန်ပင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာရှိ အငှားနေအိမ်လိုင်းခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို အငှားနေအိမ်လိုင်းခန်းကို စီးနင်းခဲ့ချိန် အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပွားခဲ့ပြီး လုယက်သူ အသက် (၃၄)နှစ်ရှိ ဖန်လီအပါအဝင် အမျိုးသား (၄)ဦးကို အသေပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ပြောဆိုထားပါတယ်။

အခင်းဖြစ်နေရာကနေ လုယက်တာမှာ အသုံးပြုခဲ့တဲ့ ပစ္စတိုသေနတ် (၄)လက်နဲ့ ဆက်စပ်ကျည်နဲ့ ကျည်အိမ်တွေအပါအဝင် ကားတစ်စီးနဲ့ လုယက်ခဲ့တဲ့ ဖုန်း (၁၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ (၁၄)ရက်နေ့က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ထပ်မံရှာဖွေခဲ့ရာ M-4 Carbine CAL 5.56MM သေနတ် (၄)လက်၊ CZECH Republic 9MM CZ သေနတ်တစ်လက်နဲ့ AK-47 တစ်လက်နဲ့အတူ ဆက်စပ်ခဲယမ်းတွေအပြင် စစ်အသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

လုယက်ခဲ့တဲ့ဖြစ်စဉ်ထဲ ဆိုင်ဝန်ထမ်း အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး လူသေဆုံးစေတဲ့အထိ ကျူးလွန်သူတွေကို အသေပစ်ခတ်ဖမ်းဆီးခဲ့ကာ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 21 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 18 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က
မြန်မာသတင်း

ဂန့်ဂေါနယ်မှာ လူငယ်တွေ ခရီးသွားလာခွင့် ပအဖနဲ့ ပကဖ ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 22 Views
မလိုက်နာဘဲ ဖမ်းမိရင် စစ်ပညာသင်တန်းတက်စေပြီး တော်လှန်ရေးအဖွဲတွေမှာ တာဝန်ထမ်းဆောင်ရမယ်လိုဆို မေလ (၈)ရက်။ ဂန့်ဂေါမြိုနယ်မှာ အသက် (၁၈)နှစ်နဲ့ (၃၅)နှစ်ကြားရှိ လူငယ်တွေကို ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားလာခွင့်ကို ပအဖနဲ့ ပကဖက ပိတ်ပင်ထားတယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအကြောင်းကြားစာကို
မြန်မာသတင်း

ကနီမှာ Star Link အင်တာနက်စက်တွေ ယာယီပိတ်သိမ်းဖို ညွှန်ကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
မေလ (၈)ရက်။ ကနီမြိုနယ်မှာ Star Link အင်တာနက်စက်တွေကို ယာယီပိတ်သိမ်းထားဖို မြိုနယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။ ကနီနယ်ထဲ စစ်ကောင်စီစစ်ကြောင်းတွေ ရွာစဉ်လှည် စစ်ကြောင်းထိုးနေကာ စစ်ရေးအရှိန်မြင့်တက်လာတာနဲ့အတူ လေကြောင်းတိုက်ခိုက်တာတွေ ပိုများလာပြီး လုံခြုံရေး အထူးသတိပြုရမယ့်အချိန်လို
မြန်မာသတင်း

ဖာပွန်ခရိုင်မှာ သိန်း(၅၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
မေလ (၈)ရက်။ ဖာပွန်ခရိုင်မှာ သိန်း(၄၉၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က သံလွင်မြစ်ထဲ လှေတစီးနဲ့ ဆီပုံးတွေ အသွင်ယူကာ တရားမဝင်
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 37 Views
မေလ (၇)ရက်။ မနေ့က နံနက် (၈)နာရီခန့်မှာ လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကနေ စမ်းလှန်းရွာထဲ ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စကစဘက်က (၂)ဦးသေပြီး