နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

တာချီလိတ်ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို လုယက်ခဲ့သူတွေကို စစ်ကောင်စီက အသေပစ်ခတ်ဖမ်းဆီးခဲ့

နိုဝင်ဘာလ (၁၆)ရက်။

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို ဝင်ရောက်လုယက်ခဲ့သူတွေကို အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နိုဝင်ဘာလ (၁၃)ရက်နေ့ နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်က တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးရှိ First Rate Mobile ဖုန်းဆိုင်ကို အမျိုးသား (၄)ဦးက သေနတ်နဲ့ ဝင်ရောက်ပစ်ခတ် လုယက်ခဲ့တာလို့ ဆိုပါတယ်။

လုယက်သူတွေဟာ ဆိုင်ထဲဝင်ရောက်ပြီး ဆိုင်ဝန်ထမ်းတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့သလို ဆိုင်ထဲရှိ iPhone အမျိုးအစား ဖုန်းအလုံး(၂၀) တန်ဖိုးငွေကျပ် (၁၁၂၁)သိန်းခန့်ကို လုယက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လုယက်သူတွေကို ဖမ်းဆီးရမိနိုင်ဖို့ ပိတ်ဆို့စစ်ဆေးခဲ့ရာ ဖန်ပင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာရှိ အငှားနေအိမ်လိုင်းခန်းတစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို အငှားနေအိမ်လိုင်းခန်းကို စီးနင်းခဲ့ချိန် အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပွားခဲ့ပြီး လုယက်သူ အသက် (၃၄)နှစ်ရှိ ဖန်လီအပါအဝင် အမျိုးသား (၄)ဦးကို အသေပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ပြောဆိုထားပါတယ်။

အခင်းဖြစ်နေရာကနေ လုယက်တာမှာ အသုံးပြုခဲ့တဲ့ ပစ္စတိုသေနတ် (၄)လက်နဲ့ ဆက်စပ်ကျည်နဲ့ ကျည်အိမ်တွေအပါအဝင် ကားတစ်စီးနဲ့ လုယက်ခဲ့တဲ့ ဖုန်း (၁၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ (၁၄)ရက်နေ့က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို ထပ်မံရှာဖွေခဲ့ရာ M-4 Carbine CAL 5.56MM သေနတ် (၄)လက်၊ CZECH Republic 9MM CZ သေနတ်တစ်လက်နဲ့ AK-47 တစ်လက်နဲ့အတူ ဆက်စပ်ခဲယမ်းတွေအပြင် စစ်အသုံးအဆောင်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

လုယက်ခဲ့တဲ့ဖြစ်စဉ်ထဲ ဆိုင်ဝန်ထမ်း အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး လူသေဆုံးစေတဲ့အထိ ကျူးလွန်သူတွေကို အသေပစ်ခတ်ဖမ်းဆီးခဲ့ကာ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျားဖြန့်ဂိုဏ်းတွေကို နိုင်ငံတကာနဲ့ လက်တွဲတိုက်ဖျက်သွားမယ်လို့ BGF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 0 Views
ဇန်နဝါရီလ (၂၃)ရက်။ ကျားဖြန့်ဂိုဏ်းတွေကို ဒေသအာဏာပိုင်အဖွဲ့တွေအပါအဝင် နိုင်ငံတကာတို့နဲ့ ပူးပေါင်းလက်တွဲ တိုက်ဖျက်သွားမယ်လို့ ဗိုလ်မှူးကြီး စောချစ်သူဦးဆောင်တဲ့ BGF က မနေ့က
မြန်မာသတင်း

အခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 0 Views
ဇန်နဝါရီလ (၂၃)ရက်။ အခု ၂၀၂၅ခုနှစ်မှာ တော်လှန်ရေးအရှိန်မြှင့်တင်သွားမယ်လို့ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်ရဲ့ ဇန်နဝါရီလ (၂၁)ရက်နေ့ကပြုလုပ်တဲ့ Press
မြန်မာသတင်း

ဆောထိမြို့နယ်မှာ စစ်ကောင်စီဒရုန်းကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ပြီး (၂)ဦးဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 0 Views
ဇန်နဝါရီလ (၂၃)ရက်။ ဇန်နဝါရီလ (၂၁)ရက်နေ့ နေ့လယ် (၃)နာရီအချိန်က ဆောထိမြို့နယ်ရှိ ရေကြည်ချောင်းရွာ ဘုန်းကြီးကျောင်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။ ရေကြည်ချောင်းရွာဘုန်းကြီးကျောင်းကနေ စစ်ကောင်စီက
မြန်မာသတင်း

တနင်္သာရီမြို့ သိန်ခွန်းရွာအနီး တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က အရပ်သားတွေကို ပေါ်တာဆွဲတာနဲ့ နေအိမ်တွေ မီးရှို့ဖျက်ဆီး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 14 Views
ဇန်နဝါရီလ (၂၃)ရက်။ တနင်္သာရီမြို့ရှိ မောတောင်နယ်စပ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ သိန်ခွန်းကျေးရွာအနီး တိုက်ပွဲပြင်းထန်နေတယ်လို့ တိုင်းစစ်ဌာန(တနင်္သာရီ)ရဲ့ ဗျူဟာ(၃၅)နယ်မြေတာဝန်ခံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကစက တနင်္သာရီ မောတောင်နယ်စပ်မြို့ကို စစ်ကြောင်းထိုးလာတာကြောင့် သိန်ခွန်းကျေးရွာအနီးမှာ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ တိုက်ပွဲပြင်းထန်နေတာ”
မြန်မာသတင်း

အစည်းအဝေးတွေနဲ့ အချိန်ကုန်ကြရမယ့်ကာလ မဟုတ်တော့ဘူးလို့ NUG ဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 12 Views
ဇန်နဝါရီလ (၂၃)ရက်။ အစည်းအဝေးတွေထိုင်ရင်း အချိန်ကုန်ကြရတော့မယ့်ကာလ မဟုတ်တော့ဘူးလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းရဲ့ အခုရက်ပိုင်းထဲ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ သတိပေးပြော‌ဆိုခဲ့တယ်လို့ သိရပါတယ်။ “ အစည်းအဝေးတွေထိုင်ရင်း အချိန်ကုန်ကြရတော့မယ့်ကာလ မဟုတ်တော့တာကြောင့် တွေ့ဆုံမှုတိုင်းကို ရလဒ်ကောင်းကောင်းထွက်အောင် ကြိုးစားပြီး
မြန်မာသတင်း

ရုပ်သံရိုက်ကူးထုတ်လွှင့်တာတွေကို AI နည်းပညာနဲ့ ပြောင်းလဲဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 6 Views
ဇန်နဝါရီလ (၂၃)ရက်။ ရုပ်သံရိုက်ကူးထုတ်လွှင့်တာတွေကို AI နည်းပညာနဲ့ ပြောင်းလဲဆောင်ရွက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က စစ်တပ်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်(တောင်ညို)မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်တွေအနေနဲ့ ရုပ်မြင်သံကြားထုတ်လွှင့်တာနဲ့ပတ်သက်ပြီး အတိုင်းအတာတခုအထိ အတွေ့အကြုံရှိပြီးဖြစ်ကာ ပြည်ပရုပ်သံလိုင်းတွေရဲ့ ရိုက်ကူးထုတ်လွှင့်တာတွေကို လေ့လာဖို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဒေသခံအများစု နေရပ်စွန့်ခွာနေတဲ့ ချောင်းသာမှာ ဟိုတယ်နဲ့ တည်းခိုခန်းတွေ ပြန်ဖွင့်ဖို့ စစ်ကောင်စီ ခြိမ်းခြောက်ဖိအားပေး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 16 Views
ဇန်နဝါရီလ (၂၂)ရက်။ ချောင်းသာမြို့မှာ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက အဓမ္မဖိအားပေးနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ တိုက်ပွဲမဖြစ်သေးပေမယ့် ချောင်းသာမှာဒေသခံ အများစုက ထွက်ပြေးတိမ်းရှောင်နေကြပြီ။ အခုလိုအခြေအနေမှာ တည်းခိုခန်းတွေ၊ ဟိုတယ်တွေနဲ့
မြန်မာသတင်း

စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ MDY-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 14 Views
ဇန်နဝါရီလ (၂၂)ရက်။ မနေ့ကစပြီး မတ္တရာ၊ နောင်ချိုနဲ့ သပိတ်ကျင်းမြို့တို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ မတ္တရာမြို့နယ်ထဲ လက်နက်ကြီးပစ်ခတ်တာတွေသာမက မြေပြင်စစ်ကြောင်းတွေပါ အင်အားဖြည့်တင်းလာနေတာလို့ ဆိုပါတယ်။