နောင်ချိုနဲ့ မိုးကုတ်က စစ်ကောင်စီတပ်စခန်းအချို့ကို TNLA ထပ်မံသိမ်းပိုက်ရရှိခဲ့၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီဘက်က (၅၃)ဦး လက်နက်ချအလင်း၀င်ခဲ့
ဇွန်လ (၃၀)ရက်။ (၅)ရက်တာ ရှမ်းမြောက်တိုက်ပွဲထဲ နောင်ချိုမြို့ ရှုခင်းသာက စစ်ကောင်စီရဲ့ ခမရ(၁၁၄)တပ်စခန်းနဲ့ မိုးကုတ်မြို့ရှိ အောင်သာယာတပ်စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နံနက်(၇)နာရီအချိန်မှာ နောင်ချိုမြို့၊ ရှုခင်းသာရှိ...