နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ချောက်မြို့နယ်ထဲ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲပြင်းထန်၊နှစ်ဖက်ထိခိုက်တာတွေရှိခဲ့ပြီး စစ်ကောင်စီက နေအိမ် (၅၀)ကျော် မီးရှို့ဖျက်ဆီးခဲ့

အောက်တိုဘာလ (၂၉)ရက်။
ချောက်မြို့နယ်ထဲ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးမဟာမိတ်တို့အကြား တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ Chauk Revolution Force ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အောက်တိုဘာလ (၂၅)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ကုန်းကြီး၊ ထိန်စမ်းလမ်းကနေ စတင်ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ များပြားခဲ့ပြီး နေ့လယ် (၁၂)နာရီ (၂၅)မိနစ်အချိန်ကနေ ညပိုင်းအချိန်အထိ လေကြောင်းပစ်ကူပေးခဲ့ကာ ညပိုင်းမှာ တိုက်ပွဲတွေ ငြိမ်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီနောက် အောက်တိုဘာလ (၂၆)ရက် မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းဟာ ဂွေးပင်လေးနဲ့ ဂွေးပင်ကြီးရွာဘက်ကနေ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ညနေ (၄)နာရီခွဲအချိန်မှာတော့ ကတိုင်တောင်ရွာဘက်ကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် အောက်တိုဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းမှာ နရွဲတောကျေးရွာရဲ့ အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းတို့ကနေ ဝင်ရောက်လာခဲ့ပြီး နံနက် (၁၀)နာရီခန့်မှာ စတင်မီးရှို့ခဲ့ကာ အိမ်ခြေပေါင်း (၃၃)အိမ် မီးလောင်ကျွမ်းခဲ့တယ်လို့ ပြောဆိုထားပါတယ်။
နေအိမ်တွေကို မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ရွာအနောက်ဘက်အခြမ်းနဲ့ မြောက်ဘက်အခြမ်းတို့ကနေ တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီစစ်ကြောင်းဟာ ရွာတောင်ဘက်ခြမ်းကနေ နံနက် (၁၁)နာရီခွဲခန့်မှာ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီစစ်ကြောင်းဟာ ရွာမကျေးရွာဘက်ကို ထပ်မံစစ်ကြောင်းထိုးဝင်လာတဲ့အတွက် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့သလို လေကြောင်းပစ်ခတ်တာတွေကြောင့် တော်လှန်ရေးရဲဘော် (၃)ဉီး ကျဆုံးခဲ့ကာ စစ်ရှောင်ပြည်သူ (၂)ဉီး သေဆုံးခဲ့ပါတယ်။
နောက်ပြီး စစ်ကောင်စီတပ်တွေဟာ ရွာမကျေးရွာထဲကို ဝင်ရောက်မီးရှို့ခဲ့ကာ အိမ်ခြေ(၂၀)ခန့် မီးလောင်ခဲ့ပြီး လေကြောင်းတိုက်ခိုက်တာကြောင့် ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးခဲ့ကာ ကျေးရွာ (၂၂)ရွာက ပြည်သူ (၂၀၀၀၀)ကျော် စစ်ဘေးရှောင်နေရတယ်လို့ ပြောဆိုထားပါတယ်။
တိုက်ပွဲထဲ Chauck Revolution Army(CRA)နဲ့ သရက်ခရိုင်တပ်ရင်း (၅)၊ Kyaukpadaung Defence Force (KDF)၊ အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၊ မကွေးခရိုင်တပ်ရင်း(၁/၂)၊ မကွေးခရိုင်ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့၊ ချောက်ပကဖနဲ့ ပခုက္ကူပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 14 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 20 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့