ဘုတ်ပြင်းနယ်မှာ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရပြီး အရာရှိတွေအပါအဝင် (၁၀)ဦးထက်မနည်း သေဆုံးခဲ့
ဧပြီလ (၈)ရက်။ ဘုတ်ပြင်းနယ်မှာ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ အင်အား (၂၀၀)ခန့်နဲ့ လေညာ-ရတနာပုံလမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၈)မိုင်အနီးကို စစ်ကြောင်းထိုးဝင်လာပြီး မိုင်တိုင်အမှတ်...









