သန်းခေါင်စာရင်းကောက်သူ (၉)ဦး ဖမ်းဆီးခဲ့တဲ့အပေါ် လောင်းလုံးမြို့နယ်ပကဖ ထုတ်ပြန်
အောက်တိုဘာလ (၉)ရက်။ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်တာမှာ ပါဝင်သူ (၉)ဦးကို ဖမ်းမိခဲ့တာနဲ့ပတ်သက်ပြီး လောင်းလုံးမြို့နယ်ပကဖရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၆)ရက်နေ့က သန်းခေါင်စာရင်းကောက်တာမှာ ပါဝင်တဲ့ လောင်းလုံးမြို့နယ်နေ စာရေးမ (၁)ဦးနဲ့...









