နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

1027 Operations

1027 Operations မြန်မာသတင်း

ကွမ်းလုံမြို့နယ်ထဲ ပြည်သူတွေအိပ်မောကျနေချိန် စစ်ကောင်စီက ပေါက်ကွဲအားပြင်းတဲ့ဗုံးတွေနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်

အောက်တိုဘာလ (၂၀)ရက်။

ဒီကနေ့ နံနက် (၁)နာရီဝန်းကျင်က ကွမ်းလုံမြို့နယ် နမ့်ဟူးကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါက်ကွဲအားပြင်းတဲ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ပြည်သူတွေ အိပ်မောကျနေချိန် နမ့်ဟူးရွာက စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သား‌တွေနေထိုင်တဲ့ ရပ်ကွက်ထဲကို ပေါက်ကွဲအားပြင်းတဲ့ဗုံးတွေ ကြဲချခဲ့တာပါ။ နေအိမ်တွေပျက်စီးတာနဲ့ အရပ်သားထိခိုက်ဒဏ်ရာရတာ ရှိခဲ့တယ်၊ ကားတွေလဲ အများအပြား ပျက်စီးခဲ့တယ်”လို့ ဆိုပါတယ်။

နမ့်ဟူးနယ်ထဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက်ထဲကို လေကြောင်းကနေ ‌ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ကာ နေအိမ်အများအပြား ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ညဘက် တိတ်ဆိတ်နေတဲ့အချိန် လေယာဉ်သံ ရုတ်ရက်ကြားပြီး ဗုံးတွေကြဲချခဲ့တာ။ ပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရတယ်။ အဲ့ဒီနေရာက တိုက်ပွဲဖြစ်တာမရှိသလို လက်နက်ကိုင်တပ်ဖွဲ့တွေ တပ်စွဲထားတာလဲ မရှိဘူး”လို့ MNDAA က ပြောပါတယ်။

လားရှိုးတိုက်ပွဲစတင်တဲ့အချိန်နဲ့ တိုက်ပွဲအလွန်ကာလမှာ စစ်ကောင်စီတပ်က အထူးဒေသ(၁)ရဲ့ မြို့တော် လောက်ကိုင်မြို့အပါအဝင် ကွတ်ခိုင်၊ သိန္နီနဲ့ လားရှိုးတို့ကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အခုလို စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားနေရာတွေ၊ လူစုလူဝေးနေရာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လျှပ်စစ်ဓါတ်းအားပေးရုံလိုမျိုး အသက်မွေးဝမ်းကျောင်းအဆောက်အအုံတွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်တာက ဒေသခံတွေ နေရပ်ပြန် အလုပ်ပြန်လုပ်တာကို တားမြစ်ခြိမ်းခြောက်တာလို့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 114 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို