ပြည်သူကိုသတ်ဖြတ်ဖို့ နှစ်တိုင်း ကန်ဒေါ်လာ ဘီလီလျံနဲ့ချီ အသုံးပြုနေတဲ့ စစ်ကောင်စီက ကယ်ဆယ်ရေးကို ဟန်ပြလုပ်နေတယ်လို့ NUG ပြော
စက်တင်ဘာလ (၁၇)ရက်။ ပြည်သူကိုသတ်ဖြတ်ဖို့ ကန်ဒေါ်လာ ဘီလီလျံနဲ့ချီအသုံးပြုနေတဲ့ စစ်ကောင်စီက ကူညီကယ်ဆယ်ရေးကို ဟန်ပြသာလုပ်နိုင်တယ်လို့ NUG ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းရဲ့ မနေ့က လူထုကိုပြောကြားတဲ့သတင်းစကားမှာ ပြောဆိုထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ နှစ်တိုင်း အမေရိကန်ဒေါ်လာ (၃.၅)ဘီလီလျံ အနည်းဆုံးအသုံးပြုပြီး...









