နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပြည်သူတွေ အာဟာရပြည့်ဝဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီပြော

အောက်တိုဘာလ (၁၈)ရက်။

ပြည်သူတွေ အာဟာရပြည့်ဝပြီး စားရေရိက္ခာတွေ ထုတ်လုပ်နိုင်ဖို့ နှစ်တို နှစ်ရှည်စီမံကိန်းတွေ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီရဲ့ စိုက်/မွေး/ဆည်ဝန်ကြီး ဦးမင်းနောင်က ကမ္ဘာ့စားနပ်ရိက္ခာနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ တိုင်းပြည်သာယာဝပြောဖို့နဲ့ စားရေရိက္ခာပေါများဖို့ စတဲ့ အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ်ကို ချမှတ်ပြီး လယ်ယာကဏ္ဍတိုးတက်ဖို့ကို အလေးထားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ သီးနှံမျိုးစုံ စိုက်ပျိုးနိုင်တဲ့ မြေဧရိယာဟက်တာ (၁၂)သန်းခန့်ရှိပြီး သီးနှံအမျိုးပေါင်း (၆၁)မျိုးခန့်ကို နှစ်တိုင်း စိုက်ပျိုးထုတ်လုပ်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကနေ (၂၈၆) ဒသမ (၁)ဘီလီယံနဲ့ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံတွေ စိုက်ပျိုးတဲ့အစီအစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါသေးတယ်။

တိုင်းနဲ့ပြည်နယ်အသီးသီးမှာ အသားတိုးကြက်၊ ဥစားဘဲနဲ့ အသားတိုးဝက် မွေးမြူတဲ့လုပ်ငန်းကိုလဲ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထဲကနေ (၃၂)ဘီလီယံအပြင် စိုက်ပျိုး‌ရေရရှိဖို့ (၀) ဒသမ (၆၀၄)ဘီလီယံနဲ့ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

စိုက်ပျိုးရေး စားရေရိက္ခာစနစ် အသွင်ကူးပြောင်းဖို့အပြင် ရင်းနှီးမြှုပ်နှံတာတွေ၊ တီထွင်ဆန်းသစ်တာတွေ မြှင့်တင်ဖို့နဲ့ စိုက်ပျိုးရေး စားရေရိက္ခာစနစ်မှာ ပါဝင်ပတ်သက်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ စစ်ကောင်စီဝန်ကြီးက တိုက်တွန်းထားပါသေးတယ်။

စစ်ကောင်စီရဲ့ စစ်အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့အချိန်ကစပြီး နိုင်ငံတဝန်း တိုက်ပွဲတွေဖြစ်ပွားကာ မတည်မငြိမ်တာတွေကြောင့် စိုက်ပျိုးရေးကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံဟာ ပျက်စီးယိုယွင်းနေတယ်လို့ သုံးသပ်ပြောဆိုထားကြပါတယ်။

UNDP ရဲ့ အစီရင်ခံစာအရ ၂၀၂၃ခုနှစ်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ နေထိုင်ရပြီး နိုင်ငံ့စီးပွားရေးရဲ့ အဓိကအင်အားဖြစ်တဲ့ လူလတ်တန်းစားတွေ ပျောက်ကွယ်နေကာ လူတန်းစားမညီမျှတာတွေ မြင့်မားလာတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 114 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 106 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 96 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 86 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို