နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီကို ကုလလုံခြုံရေးကောင်စီကနေတဆင့် ICC ကို လွဲအပ်တင်သွင်းဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်း

အောက်တိုဘာလ (၁၉)ရက်။

အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေတဆင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)ကို လွှဲအပ်တင်သွင်းဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလညီလာခံမှာ တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေက ပြည်တွင်းဥပဒေစနစ်နဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကို ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ဖို့နဲ့ ပြစ်ဒဏ်ကျခံစေဖို့ လုံးဝစွမ်းဆောင်နိုင်တာ မရှိဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ ရာဇဝတ်မှုတွေကို တရားစွဲဆိုဖို့အတွက် ဆောင်ရွက်နိုင်တဲ့ နိုင်ငံတွေရဲ့ ပြည်တွင်းဥပဒေမူဘောင်တွေထဲ ကမ္ဘာလုံးဆိုင်ရာ စီရင်ပိုင်ခွင့်ကို ကျင့်သုံးပြီး အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။

မြန်မာပြည်သူတွေအပေါ် စစ်တပ်ရဲ့ ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်တာတွေကို ရပ်တန့်ဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းရဲ့ တုန့်ပြန်တာက အခုအချိန်အထိ မလုံလောက်သေးဘူးလို့လဲ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် ပြည်တွင်းတရားစီရင်ရေးစနစ်အနေနဲ့လဲ ရာဇဝတ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်ခံယူစေဖို့ ပျက်ကွက်နေတာ၊ အပြစ်ပေးအရေးယူနိုင်တာ ကင်းမဲ့နေတာက နိုင်ငံတကာ ဥပဒေမူဘောင်မှာ အရေးကြီးတဲ့ လစ်ဟာတာတွေရှိနေတာကို ညွှန်ပြနေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ ဥပဒေရဲ့ ကွက်လပ်တွေကို အခွင့်ကောင်းယူ အသုံးချပြီး သူတို့ရဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရတာကနေ ကာကွယ်နေချိန် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ဆက်လက်ကျူးလွန်နေတယ်လို့ သူက ပြောပါတယ်။

နိုင်ငံထဲ ကျူးလွန်နေတဲ့ ကြီးမားတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို တရားစွဲဆိုဖို့အတွက် ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံတကာတရားစီရင်ရေးစနစ်နဲ့ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူတို့အပေါ် လိုအပ်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်းထဲ ရဲဘော်တဦးက တပ်ရင်းမှူးကို သေနတ်နဲ့ပစ်သတ်မှုဖြစ်ပွားခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 17 Views
ဇွန်လ (၂၆)ရက်။ ဒီကနေ့ ယင်းမာပင်ခရိုင်အမှတ်(၆)တပ်ရင်းမှာ ရဲဘော်တဦးကို တပ်ရင်းမှူးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို PDF စစ်ရုံးချုပ်ရဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ အချင်းချင်းပစ်ခတ်လို့ အမှတ် ၆ တပ်ရင်းမှူး ပုလဲမောင် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 15 Views
၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးရုံးအစည်းအဝေးမှာ ကွပ်ကဲရေးမှူးရှေ့တွင် ကွပ်ကဲရေးမှူး စွမ်းသူမောင်၏ ပီအေက တပ်ရင်းအမှတ် ၆ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်ကို ဒီကနေ့ ပြုလုပ်တဲ့ ခရိုင်ရုံးအစည်အဝေးမှာ ပစ်သတ်လိုက်ကြောင်းသိရသည်၊ ထိုကိစ္စကို
မြန်မာသတင်း

မြိုင်မြိုပေါ်မှာ ရိက္ခာထွက်ယူတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
ဇွန်လ (၂၆)ရက်။ မနေ့က နံနက် (၆)နာရီ (၄၀)မိနစ်အချိန်က မြိုင်မြိုပေါ်ရှိ မီးသတ်စခန်းအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မီးသတ်စခန်းနားမှာ အထိုင်ချထားတဲ့ စကစတပ် ရိက္ခာထွက်ယူတာကို ဖရဲသီးရဲ့
မြန်မာသတင်း

လောင်းလုံးနယ်တိုက်ပွဲ တပ်စွဲဖို့လာတဲ့ စစ်တပ် အထိနာပြီး ပြန်ဆုတ်ခွာသွားခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 16 Views
ဇွန်လ (၂၆)ရက်။ လောင်းလုံးမြို့နယ် စပ်ပြဲရွာမှာ တပ်စွဲဖို့လာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ ဇွန်လ (၁၄)ရက်နေ့ နံနက် (၆)နာရီကနေ ဇွန်လ (၁၅)ရက်နေ့ နံနက်
မြန်မာသတင်း

တိုက်ပွဲမရှိဘဲ နတ်မောက်မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ မိသားစုတစုအပါအဝင် ဒေသခံ (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဇွန်လ (၂၆)ရက်။ မနေ့က ညနေ (၄)နာရီ (၂၀)မိနစ်အချိန်က နတ်မောက်မြို့အရှေ့ခြမ်းရှိ သမုန်းကုန်းရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်မောက်အရှေ့ခြမ်း သမုန်းကုန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာ (၂)စီးနဲ့
မြန်မာသတင်း

သထုံမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အမွှာကိုယ်ဝန်သည်နဲ့ မိန်းကလေးငယ်တဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
ဇွန်လ (၂၅)ရက်။ ဇွန်လ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က သထုံမြို့နယ်ထဲ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ လက်နက်ကြီး (၂)လုံးနဲ့
မြန်မာသတင်း

ကော်သူးလေတည်ဆောက်ဖို့ ကရင်အရပ်ဘက်အဖွဲ့တွေ သဘောထားချမှတ်ခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
ဇွန်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲ ကရင်အရပ်ဘက်အဖွဲ့တွေ(KCBOs/KCSOs)ရဲ့ ဆွေးနွေးပွဲတရပ်ကို (၃)ရက်ကြာ ကျင်းပခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို KNU ရဲ့ ပညာပေးစည်းရုံးရေးနဲ့ ဖွဲ့စည်းတည်ဆောက်ရေစလုပ်ငန်းကော်မတီ(EIWC)က ဦးဆောင်စီစဉ်ခဲ့ပြီး KCBOs/KCSOs အဖွဲ့