တစ်လတာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇၀)ကျော်သေဆုံးပြီး (၄၁)ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန်
အောက်တိုဘာလ (၄)ရက်။ စက်တင်ဘာလထဲ မူတြော်ခရိုင်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပေါင်း (၁၄၄)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ရှုံးစစ်ကောင်စီဘက်က (၇၄)ဦးသေဆုံးခဲ့ကာ (၄၁)ဦး ဒဏ်ရာရရှိခဲ့တယ်ပြီး...









