နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့တဲ့ ပင်လည်ဘူးမြို့ကို NUG ကာကွယ်ရေးဝန်ကြီး သွားရောက်စစ်ဆေး

အောက်တိုဘာလ (၁၅)ရက်။

သိမ်းပိုက်ရရှိခဲ့တဲ့ ပင်လည်ဘူးမြို့ကို အောက်တိုဘာလ (၁၀)ရက်နေ့က NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သွားရောက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သိမ်းပိုက်ထားတဲ့ ပင်လည်ဘူးမြို့မှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က စစ်ဆင်ရေးထဲ ပါဝင်ခဲ့တဲ့ အောင်ပွဲရ ရဲဘော်တွေကို တွေ့ဆုံအားပေးခဲ့တယ်လို့ ဆိုပါတယ်။

ခရီးစဉ်ထဲ ကာကွယ်‌ရေးဝန်ကြီး ဦးရည်မွန်ဟာ ပင်လည်ဘူးမြို့ကို ဝင်ရောက်စစ်ဆေးတာနဲ့ လက်နက်ချ အညံ့ခံပူးပေါင်းလာတဲ့ စစ်သုံ့ပန်းတွေကို တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီအင်အား (၈၀၀)ခန့်နဲ့ တပ်စွဲထားတဲ့ ပင်လည်ဘူးမြို့ကို တပ်ရင်း (၈)ရင်းခန့်နဲ့ မြေပြင်စစ်ကူတာအပါအဝင် လေကြောင်းကနေ အကြိမ် (၇၀၀)ကျော် ပစ်ကူတဲ့ကြားက တော်လှန်ရေးတပ်တွေဟာ အောက်တိုဘာလ (၈)ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇၀)ဦးခန့် သေဆုံးကာ (၂၇၅)ဦး ပျောက်ဆုံးပြီး (၂၂၅)ဦး ဒဏ်ရာရရှိခဲ့သလို အလင်းဝင်လာသူ (၄၈)ဦးနဲ့ စစ်သုံ့ပန်း (၁၀၂)ဦးအပြင် လက်နက်မျိုးစုံ (၄၀၀)ကျော်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တာပါ။

ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ စစ်ကောင်စီအနေနဲ့ ခံတပ်မြို့တစ်မြို့ ဆုံးရှုံးခဲ့ရတာဖြစ်ပြီး ပင်လည်ဘူးမြို့အနီးက ကောလင်းမြို့ကို တော်လှန်ရေးတပ်တွေက တကြိမ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် အခုအခါ ထီးချိုင့်မြို့နဲ့ အင်းတော်မြို့တွေကိုလဲ တိုက်ခိုက်နေကာ အဲ့ဒီမြို့တွေကိုပါ သိမ်းပိုက်နိုင်ခဲ့ပါက စစ်ကိုင်းတိုင်းအထက်ပိုင်းနယ်မြေဟာ တော်လှန်ရေးတပ်တွေရဲ့ လွတ်မြောက်နယ်မြေ ဖြစ်လာမှာလို့ သုံးသပ်ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်က ကျားဖြန့်တွေကို ပျော်စံရာဒေသ ဖန်တီးပေးနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ ကျားဖြန့်တွေကို ပျော်စံရာဒေသဖြစ်ဖို့ ဖန်တီးပေးနေတယ်လို့ မနေ့က ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရခိုင်မှာ စစ်တပ်ရဲ့ တရက်ထဲ မရပ်မနား ဗုံးကြဲတာကြောင့် အရပ်သားအချို့ ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 18 Views
မေလ (၉)ရက်။ မေလ (၇)ရက်နေ့က ရခိုင်ရှိ မင်းပြားနဲ့ ကျောက်တော်မြို့က ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ မရပ်မနား ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

ပြည်သူလိုလားတဲ့ နိုင်ငံသစ် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ပြော

  • 2026 ခုနှစ်၊ မေလ 9 ရက်
  • 21 Views
မေလ (၉)ရက်။ ပြည်သူတရပ်လုံး လိုလားတောင့်တတဲ့ နိုင်ငံသစ်တရပ် ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်သေးတာကြောင့် တာဝန်မကျေသေးဘူးလို့ ဗကသများအဖွဲ့ချုပ်ရဲ့ နှစ်(၉၀)ပြည့် အထိမ်းအမှတ်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်(၉၀)သမိုင်းဟာ သွေးချွေးမျက်ရည်တွေနဲ့ အရင်းအနှီးပြုထားရတဲ့ ဘဝပေါင်းများစွာရဲ့ တိုက်ပွဲဝင်သမိုင်းလို့ ဆိုပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ကပစ(၁၆)အနီးရှိ ကာကင်းစခန်းတွေကို AA ထိုးစစ်ဆင်နေ

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 18 Views
မေလ (၈)ရက်။ ပန်းတောင်းမြို မသုန်ရွာအနီးရှိ စစ်ကောင်စီရဲ့ ကပစ(၁၆)ရဲ့ ကာကင်းစခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ မသုန်ရွာနား စကမရဲ့ ကပစ(၁၆)နားက ကာကင်းစခန်း (၄)ခုကို AA က
မြန်မာသတင်း

ဂန့်ဂေါနယ်မှာ လူငယ်တွေ ခရီးသွားလာခွင့် ပအဖနဲ့ ပကဖ ပိတ်ပင်

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 22 Views
မလိုက်နာဘဲ ဖမ်းမိရင် စစ်ပညာသင်တန်းတက်စေပြီး တော်လှန်ရေးအဖွဲတွေမှာ တာဝန်ထမ်းဆောင်ရမယ်လိုဆို မေလ (၈)ရက်။ ဂန့်ဂေါမြိုနယ်မှာ အသက် (၁၈)နှစ်နဲ့ (၃၅)နှစ်ကြားရှိ လူငယ်တွေကို ကျန်းမာရေးကိစ္စကလွဲပြီး ခရီးသွားလာခွင့်ကို ပအဖနဲ့ ပကဖက ပိတ်ပင်ထားတယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအကြောင်းကြားစာကို
မြန်မာသတင်း

ကနီမှာ Star Link အင်တာနက်စက်တွေ ယာယီပိတ်သိမ်းဖို ညွှန်ကြား

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
မေလ (၈)ရက်။ ကနီမြိုနယ်မှာ Star Link အင်တာနက်စက်တွေကို ယာယီပိတ်သိမ်းထားဖို မြိုနယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို သိရပါတယ်။ ကနီနယ်ထဲ စစ်ကောင်စီစစ်ကြောင်းတွေ ရွာစဉ်လှည် စစ်ကြောင်းထိုးနေကာ စစ်ရေးအရှိန်မြင့်တက်လာတာနဲ့အတူ လေကြောင်းတိုက်ခိုက်တာတွေ ပိုများလာပြီး လုံခြုံရေး အထူးသတိပြုရမယ့်အချိန်လို
မြန်မာသတင်း

ဖာပွန်ခရိုင်မှာ သိန်း(၅၀၀၀)နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို KNU မီးရှို့ဖျက်ဆီး

  • 2026 ခုနှစ်၊ မေလ 8 ရက်
  • 26 Views
မေလ (၈)ရက်။ ဖာပွန်ခရိုင်မှာ သိန်း(၄၉၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီမူးယစ်ဆေးဝါးတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ (၁၈)ရက်နေ့က သံလွင်မြစ်ထဲ လှေတစီးနဲ့ ဆီပုံးတွေ အသွင်ယူကာ တရားမဝင်
မြန်မာသတင်း

လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 7 ရက်
  • 37 Views
မေလ (၇)ရက်။ မနေ့က နံနက် (၈)နာရီခန့်မှာ လောင်းလုံးမြို့နယ်ထဲ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကနေ စမ်းလှန်းရွာထဲ ဆင်းလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ။ စကစဘက်က (၂)ဦးသေပြီး