အာဆီယံအစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုကိုယ်စားလှယ်တွေကို ဖယ်ထုတ်ဖို့ အရပ်ဘက်အဖွဲ့ (၂၃၇)ဖွဲ့ တောင်းဆို
အောက်တိုဘာလ (၃)ရက်။ မကြာခင် ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးအပါအဝင် ဆက်စပ်အစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုကိုယ်စားလှယ်တွေကို ဖယ်ထုတ်ဖို့ အရပ်ဘက်အဖွဲ့ (၂၃၇)ဖွဲ့က မနေ့က တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ အခုရက်ပိုင်းထဲ လာအိုနိုင်ငံမှာ ကျင်းပဖို့ရှိနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနည်းကျ...









