နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

လှိုင်သာယာမြို့နယ်က စစ်ကောင်စီရဲ့ မြို့နယ်စီမံကော်မတီဝင် ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရ၊ စစ်ကောင်စီတပ်က မြို့ကို ပိတ်ဆို့ရှာဖွေနေ

အောက်တိုဘာလ (၁၃)ရက်။

ဒီကနေ့ နံနက် (၉)နာရီဝန်းကျင်ခန့်က လှိုင်သာယာမြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်း(ခ)ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ကို ပစ်ခတ်ခဲ့တယ်လို့ Golden Valley Warriors ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“(၁၁)ရပ်ကွက် သိမ်တော်ကြီးထဲမှာ လှိုင်သာယာအနောက်ပိုင်းက မြို့နယ်စီမံကော်မတီဝင် ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ (၂)ဦး ပစ်ခတ်ခံရတာ။ နှစ်ဦးစလုံးထိပြီး ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်”လို့ ရပ်ကွက်နေသူတစ်ဦးက ဆိုပါတယ်။

လှိုင်သာယာမြို့နယ် (၁၁)ရပ်ကွက် အောင်မင်္ဂလာကျောင်းဝိုင်းရဲ့ မုခ်ဦးလမ်းဘေးက သာသနာ့ဝုဃိသိမ်တော်ကြီးထဲမှာ စစ်ကောင်စီရဲ့ မြို့နယ်စီမံကော်မတီဝင် ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ကို လမ်းလျှောက်လာတဲ့ အမျိုးသားတစ်ဦးက သေနတ်နဲ့ ပစ်ခတ်သွားခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကျော်သူဝင်း(ခ)ရွှေမန်းဟာ ရင်ဘက်ဖောက်ဝင်ဒဏ်ရာနဲ့ ဝဲလက်ဖဝါးဖောက်ဒဏ်ရာတို့ ရရှိခဲ့ပြီး သူ့ရဲ့ ကိုယ်ရေးအရာရှိဟာ ဦးခေါင်းဖောက်ဝင်ဒဏ်ရာ ရရှိခဲ့တယ်လို့ Golden Valley Warriors က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ မြို့နယ်စီမံကော်မတီဝင် ရွှေမန်း ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ကို စစ်လော်ဘီချန်နယ်တွေကလဲ ရေးသားထားကြကာ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ရှာဖွေစစ်‌ဆေးနေတယ်လို့ ဆိုပါတယ်။

ကျော်သူဝင်း(ခ)ရွှေမန်းဟာ လှိုင်သာယာမြို့ခံဖြစ်ပြီး စစ်မှုမထမ်းမနေရစနစ်အတွက် လူငယ် (၈၀၀)ကျော်ကို စစ်တပ်ထံ အမည်စာရင်းပေးပို့ကာ အတင်းအဓမ္မ စစ်မှုထမ်းစေတာအတွက် တာဝန်ရှိသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

သူဟာ အခုနှစ်ထဲမှာ မြို့နယ်စီမံကော်မတီဝင်ဖြစ်လာကာ စားသောက်ကုန်လုပ်ငန်း၊ ရေသန့်စက်ရုံ၊ convenient store တွေနဲ့ အိမ်ခြံမြေလုပ်ငန်းတွေနဲ့ ကြီးပွားလာပြီး ရွှေမန်းအိမ်ခြံမြေလုပ်ငန်းဟာ စစ်ဘက်အရာရှိအချို့ပါဝင်ကာ တရုတ်လုပ်ငန်းရှင်တစ်ဦးလဲ ငွေကြေးထည့်ဝင်ထားတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် လှိုင်သာယာမြို့နယ်ထဲ ကျူးကျော်တွေကို အင်အားသုံးဖယ်ရှားတာ၊ စက်ရုံအလုပ်သမားလူငယ်တွေကို အတင်းအဓမ္မ စစ်တပ်ထဲကို စေလွှတ်တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပေမယ့် အကြီးအကဲဖြစ်နေတာကြောင့် စောတကမတက်ရဲဘဲ သတင်းပေးလာတာလို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 113 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 105 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 95 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 85 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 78 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 91 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 78 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 69 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို