ပင်လည်ဘူးမြို့ကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့
စက်တင်ဘာလ (၆)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်မှာ စစ်ကိုင်းတိုင်းရှိ ပင်လည်ဘူးမြို့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ဒီနေ့မှာ ပင်လည်ဘူးမြို့က စကစခံစစ်စခန်းအားလုံးကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ တိုက်ပွဲကနေ...









