ကျိုက်ထိုမြို့မှာ မျောက်ကျောက်ရောဂါ သံသယလူနာတွေ့လို့ စစ်ဆေးနေတယ်လို့ စစ်ကောင်စီပြော
စက်တင်ဘာလ (၆)ရက်။ မနေ့က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ မျောက်ကျောက်ရောဂါ သံသယလူနာတွေ့ရှိတာကြောင့် စစ်ဆေးနေတယ်လို့ စစ်ကောင်စီကျန်းမာရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်မှာ ဘားအံမြို့ကနေလာတဲ့ ခရီးသည်မှန်လုံတင်ယာဉ်ပေါ်က ခရီးသည်တစ်ဦးကို သံသယလူနာအနေနဲ့ စစ်ဆေးတွေ့ရှိခဲ့တာလို့...









