ရန်ကုန် မရမ်းကုန်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်း မိုင်းခွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က ထိခိုက်တာတွေရှိခဲ့
ဩဂုတ်လ (၂၇)ရက်။ မနေ့က ည (၇)နာရီ (၁၀)မိနစ်အချိန်က ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ သံသုမာလမ်းပေါ်က စစ်ကောင်စီရဲ့ (၄၃၅-၄၃၆)တပ်ရင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မရမ်းကုန်းမြို့နယ်ရှိ စစ်ကောင်စီရဲ့...









