ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီရဲ့ မအူနယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့
ဩဂုတ်လ (၂၅)ရက်။ မနေ့က ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီရဲ့ မအူနယ်မြေရဲစခန်းကို တော်လှန်ရေးမဟာမိတ်အဖွဲ့တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ မအူနယ်မြေရဲစခန်းကို ဇူလိုင်လ (၂၅)ရက်ကစပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ မနေ့က နံနက် (၂)နာရီအချိန်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက်...









