ကျွန်းစုမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး
မေလ (၈)ရက်။ မနေ့က နံနက်(၈)နာရီအချိန်မှာ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကျော်မြင့်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြို့နယ်ပကဖထံက သိရပါတယ်။ ပစ်ခတ်ရှင်းလင်းခံရတဲ့ ကျော်မြင့်ဟာ သဘောင်းတောင်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သလို မီးသတ်တပ်ဖွဲ့ဝင်နဲ့ ပျူစောထီးခေါင်းဆောင်ဖြစ်တယ်လို့ ဆိုပါတယ်။...