နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေစကြိုမြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေက လက်နက်ကြီးပစ်ခတ်တာအပါအ၀င် ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်သတ်ဖြတ်တာတွေပြုလုပ်၊ အရပ်သား (၃)ဦးသေဆုံးခဲ့

ဇူလိုင်လ (၂၉)ရက်။

ရေစကြိုမြို့နယ်မှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ အနီးရှိကျေးရွာတွေကို လက်နက်ကြီးပစ်ခတ်တာနဲ့ ဖမ်းဆီးရိုက်နှက်တာတို့ကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတယ်လို့ မြို့နယ်သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဇူလိုင်လ (၂၄)ရက်နေ့က ရေစကြိုမြို့နယ်ရှိ စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ (၂၅၇)တပ်ရင်းကနေ လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ တောင်ဦးကျေးရွာအုပ်စုရှိ မေမြို့ရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၂၉)နှစ်အရွယ် မောင်စိုင်း(ခ)စိုင်းမြတ်သူ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ (၂၅)ရက်နေ့က ရေစကြိုမြိုနယ် ပြည်သူ့ဆေးရုံရှေ့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေက ဆိုင်ကယ်ဦးထုပ်မဆောင်းတာကြောင့်ဆိုပြီး အရပ်သားပြည်သူတစ်ဦးကို ဖမ်းဆီးရိုက်နှက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလိုရိုက်နှက်ခံရတဲ့ အရပ်သားပြည်သူဟာ အမှတ် (၈) ဇေယျ၀တီရပ်နေ အသက် (၂၃)နှစ်အရွယ် ကုလားလေးဆိုသူဖြစ်ပြီး ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရကာ ဇနီးသည်နဲ့ ကလေးနှစ်ဦး ကျန်ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဇူလိုင်လ (၂၇)ရက်နေ့ကလဲ ရေစကြိုမြို့ရှိ မြို့မရဲစခန်းအနီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီးနောက် ပစ်ခတ်တာတွေနဲ့ မသက်ဆိုင်တဲ့ မြို့သုဿာန်အဆင်းလမ်းအနီးက ကုန်စုံဆိုင်တဆိုင်ကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ မွှေနှောက်ရှာဖွေခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ကုန်စုံဆိုင်ကို မွှေနှောက်ရှာဖွေခဲ့ချိန် စစ်ကောင်စီနဲ့ ပျူစောထီးတွေဟာ အပြစ်မဲ့အရပ်သား သားအမိနှစ်ဦးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဆိုင်ထဲရှိ လူသုံးကုန်နဲ့ စားသောက်ကုန်တွေ လုယက်ယူဆောင်သွားတယ်လို့ သိရပါတယ်။

ဇူလိုင်လ (၈)ရက်နေ့မှာ အမှတ်(၈) ထန်းတင်းရပ်ထဲ ၀င်ရောက်ခဲ့ပြီး မိသားစုကို လုပ်ကိုင်‌ကျွေးမွေးနေတဲ့ အသက် (၁၅)နှစ်အရွယ် မောင်၀ဏ္ဏကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး တရက်အကြာမှာ အလောင်းကို အိမ်ပြန်ပို့ခဲ့တယ်လို့လဲ ထုတ်ပြန်ထားပါတယ်။

သေဆုံးခဲ့ရတဲ့ မောင်၀ဏ္ဏကျော်ရဲ့ ခန္ဓာကိုယ် နောက်ကျောနဲ့ လည်ပင်းမှာ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေကို တွေ့ရှိခဲ့ပြီး မောင်၀ဏ္ဏအောင်ဟာ သံတိုသံစရောင်းတဲ့ဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ ကလေးငယ်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 28 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 25 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 30 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 24 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 28 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 44 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး