နိုင်ငံအနှံ့ လေကြောင်းနဲ့ နေ့တိုင်းဗုံးကြဲနေတဲ့ စစ်ခေါင်းဆောင်က ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဆိုပြီးပြော
အောက်တိုဘာလ (၂၀)ရက်။ နိုင်ငံတဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပုသိမ်တပ်နယ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုအခါ နိုင်ငံတဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီး တနိုင်ငံလုံး တည်ငြိမ်အေးချမ်းစေဖို့အတွက်...








