နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

အောက်တွင်ဖော်ပြထားသောဆောင်းပါးမှာ ချင်းမိုင်တက္ကသိုလ်၊ နယ်စပ်လုံခြုံရေးရာစီမံကိန်း (Border Security Affairs Project) မှ တင်ပြထားသည့် သဘောထားအမြင်ဆောင်းပါး၏ မြန်မာဘာသာ ပြန်ဖြစ် ပါသည်။

မြန်မာနိုင်ငံ၏ ၂၀၂၅ ဒီဇင်ဘာ ရွေးကောက်ပွဲ ရလဒ်အပေါ် ထိုင်းနိုင်ငံ၏ လုံခြုံရေး အဘယ်ကြောင့် မူတည်နေသနည်း

The Nation –၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်၊ သောကြာနေ့

စစ်ဘေးရှောင်များအတွက် ကုန်ကျစရိတ်။- ရွေးကောက်ပွဲရလဒ်သည် ပဋိပက္ခအခြေအနေ အပေါ် တိုက်ရိုက်သက်ရောက်မည်ဖြစ်ရာ လက်ရှိတွင် ထိုင်းနိုင်ငံအနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီနှင့် နယ်စပ်စီမံခန့်ခွဲမှုအတွက် တစ်နှစ်လျှင် ဘတ် သန်း ၃၀၀ ကျော် အသုံးပြုနေရသည်။

ဖြတ်ကျော်ရာဇဝတ်မှုများ။- မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုများကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်း (Scammer) များအတွက် နားခိုရာဖြစ်လာပြီး၊ ယင်းသည် ထိုင်းနိုင်ငံသားများနှင့် စီးပွားရေးကို တိုက်ရိုက် ထိခိုက်စေလျက်ရှိသည်။

နယ်စပ်လုံခြုံရေး။- နယ်စပ်ဖြတ်ကျော် လက်နက်ကြီးကျည်ကျရောက်မှုနှင့် လက်နက်ကိုင် များ ကျူးကျော်ဝင်ရောက်မှုများမှာ နေ့စဉ်နှင့်အမျှ စိုးရိမ်စရာဖြစ်နေပြီး၊ ရွေးကောက်ပွဲက အကြမ်းဖက်မှုကို မလျှော့ချနိုင်ပါက အခြေအနေမှာ ပိုမိုဆိုးရွားလာနိုင်သည်။

စစ်တပ်အာဏာမြဲနေခြင်း။- ရွေးကောက်ပွဲသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မကျင်းပ နိုင်ခြင်းနှင့် အားလုံးမပါဝင်နိုင်ခြင်းတို့ကြောင့် စစ်တပ်ကသာ အာဏာဆက်လက် ဆုပ်ကိုင် ထားမည်ဖြစ်ရာ၊ ပဋိပက္ခ၏ ရင်းမြစ်များနှင့် ထိုင်းနိုင်ငံအပေါ် သက်ရောက်မှုများမှာ ဆက်ရှိ နေဦးမည်ဖြစ်သည်။

ထိုင်းနိုင်ငံ၏ လုံခြုံရေး၊ ဘတ်ဂျက်နှင့် နယ်စပ်ဘေးကင်းရေးတို့မှာ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် မြန်မာ့ရွေးကောက်ပွဲနှင့် ခွဲခြားမရအောင် ဆက်စပ်နေသည်။ အဆိုပါ ရွေးကောက်ပွဲ သည် လက်ရှိပဋိပက္ခနှင့် ရာဇဝတ်မှုများကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာ့ရွေးကောက်ပွဲကို အဘယ်ကြောင့် အလေးထားသင့်သနည်း? ဤမေးခွန်းနှင့်ပတ်သက်သည့် အချက် ၃ ချက်ရှိသည်။

၁။ စစ်ပွဲ၏အကျိုးဆက်ကြောင့် တစ်နှစ်လျှင် ဘတ် သန်း ၃၀၀ ကျော် ကုန်ကျနေခြင်း ရှည်ကြာနေသော ပဋိပက္ခများကြောင့် နယ်စပ်တစ်လျှောက် စစ်ဘေးရှောင်များ အဆက် မပြတ် ဝင်ရောက်လျက်ရှိသည်။ ကုလသမဂ္ဂနှင့် ထိုင်းလုံခြုံရေးအေဂျင်စီများ၏ အချက်အလက်များအရ ထိုင်းနိုင်ငံသည် ဆေးဝါး၊ အစားအစာ၊ အရေးပေါ်ခိုလှုံရာနှင့် နယ်စပ်လုံခြုံရေးအတွက် တစ်နှစ်လျှင် ဘတ် သန်း ၃၀၀ မှ ၅၀၀ ကြား အသုံးပြုနေရသည်။ ၂၀၂၃ နှင့် ၂၀၂၅ ခုနှစ်အတွင်း ကရင်၊ ကရင်နီ (ကယား) နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် စစ်ဘေးရှောင်ဦးရေ ပိုမိုတိုးလာနိုင်ကာ ထိုင်းနိုင်ငံအနေဖြင့် ဘတ်ဂျက်နှင့် ဝန်ထမ်းအင်အား ပိုမိုပြင်ဆင်ထားရမည်ဖြစ်သည်။

၂။ ထိုင်းနိုင်ငံကို တိုက်ရိုက်ထိခိုက်စေသည့် ဖြတ်ကျော်ရာဇဝတ်မှုများ။

 စစ်ပွဲကြောင့် အုပ်ချုပ်မှုကင်းမဲ့နေသော နေရာများသည် တရားမဝင်လုပ်ငန်းများအတွက် ပျိုးထောင်ပေါက်ဖွားကြီးထွားရာနေရာများ ဖြစ်လာသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ ထွက်ရှိသော မူးယစ်ဆေးဝါးများမှာ ဒေသတွင်း အဓိကရင်းမြစ် ဖြစ်နေဆဲဖြစ်သည်။

မြဝတီ၊ ကချင်ပြည်နယ်နှင့် ဝ (UWSA)၊ ကိုးကန့်ဒေသများတွင် အွန်လိုင်းငွေလိမ်ဂိုဏ်း (Scammer) များ အခြေစိုက်နေကြသည်။

ထိုင်းလုပ်သားများစွာမှာ မြန်မာနိုင်ငံရှိ ငွေလိမ်ဂိုဏ်းများတွင် အလုပ်လုပ်ရန် လှည့်ဖြားခြင်း ခံနေရသလို၊ ဆိုင်ဘာရာဇဝတ်မှုများကြောင့် ထိုင်းနိုင်ငံသားများ နှစ်စဉ် ငွေကြေးဆုံးရှုံးမှု ကြီးစွာ ကြုံတွေ့နေရသည်။

၃။ နယ်စပ်တိုက်ပွဲများက ထိုင်းနိုင်ငံ၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေခြင်း။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း မဲဆောက်၊ ဆော့မွေနှင့် ဖုတ်ဖရဒေသများတွင် နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများ၊ ထိုင်းပိုင်နက်အတွင်း လက်နက်ကိုင်များ ဝင်ရောက်မှုနှင့် လက်နက်ကြီး ကျည်များ ကျရောက်မှုတို့ အကြိမ်ကြိမ် ဖြစ်ပွားခဲ့သည်။ ရွေးကောက်ပွဲက ပဋိပက္ခကို မဖြေရှင်းနိုင်ပါက ယင်းဖြစ်ရပ်များမှာ ပိုမိုပြင်းထန်လာနိုင်သည်။

၂၀၂၅ မြန်မာ့ရွေးကောက်ပွဲအကြောင်း သိထားသင့်သည့် အချက် ၅ ချက်။

၁။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပနိုင်မည်မဟုတ် – မြန်မာနိုင်ငံ နယ်မြေ၏ ၅၀% မှ ၆၀% ခန့်တွင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် စစ်တပ်က ထိန်းချုပ်ထားနိုင်သော နေရာများ ၌သာ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဖြစ်သည်။ လူဦးရေ၏ ၂၀% အောက်သာ မဲပေးနိုင်မည်ဟု ခန့်မှန်းရပြီး ထိုင်းနယ်စပ်နှင့် ထိစပ်နေသော တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေ များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ပေ။

၂။ တိုင်းရင်းသားနှင့် အတိုက်အခံပါတီများ ဖယ်ထုတ်ခံထားရခြင်း။

စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်သည် တိုင်းရင်းသားပါတီများနှင့် ဒီမိုကရေစီ အင်အားစုပါတီများ၏ အခွင့်အရေးကို ကန့်သတ်ထားသည်။ ထို့ကြောင့် ကြံ့ခိုင်ရေးပါတီ (USDP) ကဲ့သို့ စစ်တပ်နှင့်နီးစပ်သော ပါတီများသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

၃။ နိုင်ငံတကာက အသိအမှတ်ပြုရန် ခဲယဉ်းခြင်း။

 အမေရိကန်၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့က ပွင့်လင်းမြင်သာမှုမရှိခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြောကြားထားသည်။ တရုတ်၊ အိန္ဒိယနှင့် ရုရှားတို့ကမူ ဒေသတွင်းလုံခြုံရေးနှင့် မဟာဗျူဟာအရ ထောက်ခံသည့်သဘော ပြသထားသည်။

၄။ လူသားချင်းစာနာမှု အကျပ်အတည်းကြားတွင် ကျင်းပခြင်း

လက်ရှိတွင် မြန်မာနိုင်ငံ၌ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) ၃.၁ သန်းကျော်ရှိနေပြီး၊ အရပ်သားများ၊ ကျောင်းများနှင့် ဆေးရုံများအပေါ် တိုက်ခိုက်မှုများမှာ တစ်နှစ်လျှင် အကြိမ်ရေ ၁,၀၀၀ ကျော် ရှိနေသည်။ ထို့ကြောင့် ဤရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒကို အမှန်တကယ် ထင်ဟပ်နိုင်မည်မဟုတ်ပေ။

၅။ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင်သာ ရှိနေခြင်း – ရွေးကောက်ပွဲပြီးသော်လည်း စစ်တပ်သည် လွှတ်တော်အမတ်နေရာ ၂၅% နှင့် အဓိကဝန်ကြီးဌာန ၃ ခု (ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ) ကို ဆက်လက်ချုပ်ကိုင်ထားမည်ဖြစ်သည်။ ဤဖွဲ့စည်းပုံသည် ပဋိပက္ခ၏ အဓိကရင်းမြစ် ဖြစ်နေဆဲဖြစ်သည်။

နိဂုံး

အချုပ်အားဖြင့်ဆိုရသော် ရွေးကောက်ပွဲက ပဋိပက္ခကို မလျှော့ချနိုင်ပါက ထိုင်းနိုင်ငံသည် ဒုက္ခသည်ဦးရေ တိုးလာခြင်း၊ နယ်စပ်တိုက်ပွဲများ ပိုမိုကြုံတွေ့ရခြင်းနှင့် ရာဇဝတ်မှုများ ပိုမိုဆိုးရွားလာခြင်းတို့ကြောင့် နိုင်ငံတော်ဘတ်ဂျက်အပေါ် ဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမား လာမည်ဖြစ်သည်။ ထို့ကြောင့် ၂၀၂၅ ခုနှစ် မြန်မာ့လုံခြုံရေးသည် ထိုင်းနိုင်ငံ၏ လုံခြုံရေးနှင့် ခွဲခြားမရအောင် ဆက်စပ်နေပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 73 Views
အုတ်ဖိုတိုက်ပွဲ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပြင် (၁၂)ဦးသေဆုံးခဲ့ ‌ဇွန်လ (၃)ရက်။ မေလ (၂၂)ရက်နေ့ ညနေ (၅)နာရီအချိန်က အုတ်ဖိုမြို့ ကျီးပြတ်ရွာမှာ
မြန်မာသတင်း

မင်းတပ်မြို့အနီး စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 73 Views
‌ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီတိုင်းထဲ တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေ

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 64 Views
‌ဇွန်လ (၃)ရက်။ ဧရာဝတီတိုင်းရှိ သာပေါင်း၊ ရေကြည်နဲ့ လေးမျက်နှာမြို့တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေ အများအပြား သေဆုံးနေပြီး ရုပ်အလောင်းတွေကို ပြန်သယ်နိုင်တာမရှိဘူးလို့
မြန်မာသတင်း

လယ်ဒိုမှာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 3 ရက်
  • 65 Views
ဇွန်လ (၃)ရက်။ မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး
မြန်မာသတင်း

ထားဝယ်တိုက်ပွဲ စစ်ကောင်စီတပ်သား (၂)ဦးသေဆုံးခဲ့တယ်လို့ ဒူကရစစ်ကြောင်း ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 66 Views
ဇွန်လ (၂)ရက်။ မေလ (၂၀)ရက်နေ့က ထားဝယ်မြို့ ပခပ်အင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒူကရစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပကာရီရွာဘက်ကနေ ရေဝိုင်းရွာဘက်ကို အင်အား(၂၀၀)လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စကစတပ်နဲ့ ပခပ်အင်းရွာမှာ တိုက်ပွဲဖြစ်ပွားတာ။
နိုင်ငံတကာသတင်း မြန်မာသတင်း အာရှ အိန္ဒိယ

မင်းအောင်လှိုင်ရဲ့ သမ္မတအနေနဲ့ ပထမဆုံး ပြည်ပခရီးစဉ် လာရောက်တာကို ဂုဏ်ယူတယ်ဆိုပြီး မိုဒီပြော

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 63 Views
‌ဇွန်လ (၂)ရက်။ မင်းအောင်လှိုင်ဟာ သမ္မတ ရွေးချယ်ခံရပြီးနောက် ပထမဆုံး ပြည်ပခရီးစဉ်အနေနဲ့ အိန္ဒိယကို လာရောက်တဲ့အပေါ် ဂုဏ်ယူတယ်ဆိုပြီး ဝန်ကြီးချုပ် မိုဒီက မနေ့က တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရဲ့အာဏာကို လက်နက်အားကိုးနဲ့ အတင်းအဓမ္မလုယူပြီး အတုအယောင်ရွေးကောက်ပွဲ
မြန်မာသတင်း

ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 42 Views
ဇွန်လ (၂)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ မင်းထင်ကိုကိုကြီးဟာ ကွယ်လွန်ချိန်မှာ အသက် (၆၅)နှစ်ရှိပြီဖြစ်ကာ နှစ်ပေါင်းများစွာကြာ အသည်းကင်ဆာရောဂါဝေဒနာကို ခံစားနေရပြီး ကုသမှုခံယူနေရတာပါ။ သူဟာ
မြန်မာသတင်း

စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ ပပျောက်ဖို့ ပုလဲမြို့နယ်ပအဖ စည်းကမ်းသတ်မှတ်ချက်တွေထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 2 ရက်
  • 39 Views
မေလ (၃၀)ရက်။ ပုလဲမြို့နယ်ထဲရှိ စစ်ကောင်စီကျောင်းတွေမှာ ကျောင်းအပ်နှံတာတွေ လုံးဝပပျောက်ဖို့ မြို့နယ်ပအဖက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချက်တွေဟာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ကျောင်းတွေကို တော်လှန်ရေးနယ်မြေထဲက ကျောင်းသားမိဘတွေအနေနဲ့ ကျောင်းအပ်နှံတာ လုံးဝမပြုဖို့ ဆိုထားပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီကျောင်းမှာ