ရေးမြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၁) မိုင်းခွဲခံရပြီး လက်နက်ကြီးနဲ့ပါပစ်ခတ်ခံခဲ့ရ
ဖေဖော်ဝါရီလ (၃)ရက်။ ဖေဖော်ဝါရီ (၁)ရက်နေ့က မွန်ပြည်နယ်၊ ရေးမြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၅၉၁)တပ်ရင်းကို မိုင်းခွဲကာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ခမရ(၅၉၁)တပ်ရင်းကို ဒေါနစစ်ကြောင်းနဲ့ ရေးသိမ်းငှက်အဖွဲ့တို့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး...