NUG ၀န်ကြီး ဦးရည်မွန်ရဲ့ ဆွေမျိုးတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဓါတ်ပုံတွေနဲ့ စစ်လော်ဘီတွေ မဟုတ်မမှန် ဝါဒဖြန့်နေ
ဇူလိုင်လ (၂၆)ရက်။ NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်ရဲ့ ဆွေမျိုး (၇)ဦးကို သတ်ဖြတ်တယ်ဆိုပြီး စစ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေကနေ မနေ့ညပိုင်းအချိန်ကစပြီး ဝါဒဖြန့်တာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ စစ်လော်ဘီတွေအသုံးပြုတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ အမျိုးသား (၇)ဦးကို ဖမ်းဆီးရိုက်နှက်နှိပ်စက်ကာ သတ်ဖြတ်ထားတဲ့...








