CDM လုပ်တာကြောင့် Black List မှာပါ၀င်နေသူတွေကို ပြန်လာရင် စာရင်းကနေပယ်ဖျက်ပေးမယ်လို့ စစ်ကောင်စီပြော
ဇူလိုင်လ (၁၃)ရက်။ CDM ပြုလုပ်ကာ လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့ နိုင်ငံ့၀န်ထမ်းတွေကို Black List ကနေ ပယ်ဖျက်ပေးသွားမယ်လို့ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဌာနဆိုင်၀န်ထမ်းအချို့ဟာ အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားတဲ့အတွက်...









