နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

တရုတ်

တရုတ် နိုင်ငံတကာသတင်း အမေရိကန် အာရှ

ထိုင်ဝမ်သို့ လက်နက်ရောင်းချရန် ဆိုင်းငံ့ထားမှုအပေါ် “ ညှိနှိုင်းရယူဖို့ ကောင်းမွန်တဲ့ အကျိုးအမြတ်တစ်ခု” ဟု ထရမ့် ခေါ်ဆို

CNN- ၂၀၂၆ခုနှစ်၊ မေလ ၁၆ရက်

သမ္မတ ဒေါ်နယ်ထရမ့်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းချရန် ဆိုင်းငံ့ထားသည့် ဒေါ်လာ ၁၄ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်သည် “အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက် အချက် (negotiating chip)” တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော် ဒါကို အတည်မပြုရသေးပါဘူး။ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ” ဟု ပေကျင်းမြို့တွင် ကြိုတင်ရိုက်ကူးထားပြီး သောကြာနေ့တွင် ထုတ်လွှင့်မည့် Fox News မှ ဘရတ် ဘေယာ (Bret Baier) နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ထရမ့်က ပြောကြားခဲ့သည်။

“ကျွန်တော် ဒါကို လောလောဆယ် ဆိုင်းငံ့ထားပါတယ်၊ အဲဒါက တရုတ်အပေါ်မှာ မူတည်ပါတယ်။ သူ့အခြေအနေပေါ် မူတည်တာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါက ကျွန်တော်တို့အတွက် အလွန်ကောင်းမွန်တဲ့ ညှိနှိုင်းရေးအကွက်တစ်ခုပါ။ လက်နက်တွေ အများကြီးပဲလေ။”

“ခင်ဗျားသိတဲ့အတိုင်း အခြေအနေတွေကို ကြည့်လိုက်ရင် တရုတ်က အလွန်အင်မတန် အင်အားကြီးပြီး ကြီးမားတဲ့ နိုင်ငံကြီးတစ်ခုပါ။ ထိုင်ဝမ်ကတော့ အလွန်သေးငယ်တဲ့ ကျွန်းလေးတစ်ခု ဖြစ်ပါတယ်။ စဉ်းစားကြည့်လေ၊ မိုင် ၅၉ မိုင်ပဲ ကွာတာ။ ၅၉ မိုင်ပဲ။ ကျွန်တော်တို့ (အမေရိကန်) ကတော့ မိုင်ပေါင်း ၉,၅၀၀ အကွာမှာ ရှိနေတာ။ အဲဒါက နည်းနည်းတော့ ခက်ခဲတဲ့ ပြဿနာတစ်ခုပဲ” ဟု သမ္မတက ဖြည့်စွက်ပြောကြားခဲ့သည်။

“ကျွန်တော် ဒါကိုတော့ ပြောချင်ပါတယ်- ထိုင်ဝမ်အနေနဲ့ စိတ်အေးအေးထားပြီး အခြေအနေ ကို နည်းနည်းလျှော့ချနိုင်ရင် အလွန်လိမ္မာပါးနပ်ရာ ရောက်လိမ့်မယ်။ တရုတ်အနေနဲ့လည်း စိတ်အေးအေးထားပြီး အခြေအနေကို လျှော့ချနိုင်ရင် အလွန်လိမ္မာပါးနပ်ရာ ရောက်လိမ့်မယ်။ သူတို့ နှစ်ဦးစလုံး စိတ်အေးအေးထားသင့်ကြပါတယ်။”


တရုတ်-ထိုင်ဝမ် အခြေအနေကို “ လက်ရှိအတိုင်းပဲ ရှိနေစေချင်တယ်” ဟု ထရမ့် ပြောကြား

သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နှင့် ထိုင်ဝမ်တို့၏ အခြေအနေများကို လက်ရှိအတိုင်းသာ ဆက်ရှိနေစေလိုကြောင်း ပြောကြားခဲ့ပြီး၊ ပေကျင်းထိပ်သီးအစည်းအဝေးအတွင်း ထိုင်ဝမ်ကျွန်းနှင့် ပတ်သက်သည့် ဆွေးနွေးမှုများသည် တရုတ်သမ္မတ ရှီကျင့်ဖျင်အတွက် အဓိကအကျဆုံး စိုးရိမ်ပူပန်မှုဖြစ်ခဲ့ကြောင်း Fox News သို့ ပြောကြားခဲ့သည်။

“ကျွန်တော်ကတော့ အခြေအနေတွေကို လက်ရှိအတိုင်းပဲ ရှိနေတာကို မြင်ချင်ပါတယ်” ဟု သောကြာနေ့ညနေပိုင်းတွင် ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတွင် ထရမ့်က ပြောကြားခဲ့သည်။

ယင်းကိစ္စသည် ရှီကျင့်ဖျင်အတွက် “အရေးအကြီးဆုံး” ကိစ္စရပ်ဖြစ်ကြောင်း ခေါ်ဆိုကာ ထရမ့်က “ကျွန်တော်တို့ တစ်ညလုံး အဲဒီကိစ္စအကြောင်းပဲ ဆွေးနွေးခဲ့ကြတာ။ အခုအချိန်မှာ ကျွန်တော်ဟာ တခြားဘယ်နိုင်ငံအကြောင်းထက်မဆို ထိုင်ဝမ်အကြောင်းကို ပိုပြီး သိရှိ နားလည် သွားပြီလို့ ထင်ပါတယ်” ဟု ဆိုသည်။

ထို့အပြင် ထရမ့်က ၎င်း၏ သမ္မတသက်တမ်း ကျန်ရှိနေသေးသည့် ကာလအတွင်း တရုတ်နိုင်ငံ အနေဖြင့် ထိုင်ဝမ်ကျွန်းကို တိုက်ခိုက်လိမ့်မည်မဟုတ်ကြောင်း သုံးသပ် ခဲ့သော်လည်း၊ ၎င်းရာထူးမှ ထွက်ခွာသွားပြီးနောက်တွင်မူ ဖြစ်ပွားလာနိုင်သည်ဟု သံသယရှိကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော် ဒီမှာ ရှိနေတဲ့အချိန်မှာတော့ သူတို့ ဘာမှလုပ်မှာမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် မရှိတော့တဲ့ အခါမှာတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့ လုပ်ရင်လုပ်လိမ့်မယ်လို့ ထင်တယ်” ဟု ထရမ့်က ပြောသည်။ “အခြေအနေတွေက လက်ရှိအတိုင်းပဲ ဆက်ရှိနေမယ်ဆိုရင်တော့ သူတို့ တစ်ခုခုလုပ်လိမ့်မယ်လို့ ကျွန်တော် မသေချာပါဘူး။”

ထရမ့်သည် အင်တာဗျူးအတွင်း ထိုင်ဝမ်ကို မည်သို့ခေါ်ဆိုရမည်နှင့် ပတ်သက်၍ အိန္ဒြေရရ ဖြင့် သတိထား ပြောဆိုသွားခဲ့သည်- “ကျွန်တော်တို့ကတော့ အဲဒါကို နေရာတစ်ခု (a place) လို့ပဲ ခေါ်မှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒါကို ဘယ်သူမှ အဓိပ္ပာယ်မဖွင့်ဆိုတတ်ကြလို့ပါပဲ – ဒါပေမဲ့ သူတို့ (တရုတ်) ကတော့ ထိုင်ဝမ်ကို လွတ်လပ်ရေးရသွားတာမျိုး မမြင်ချင်ကြပါဘူး။”

ရှီကျင့်ဖျင်နှင့် ထိပ်သီးအစည်းအဝေးအပြီးတွင် ထိုင်ဝမ်ပြည်သူများအနေဖြင့် မိမိတို့ကိုယ်ကို ပိုမိုလုံခြုံသည်ဟု ခံစားရသင့်သလား သို့မဟုတ် လုံခြုံမှုနည်းပါးသွားသည်ဟု ခံစားရသင့် သလားဟု မေးမြန်းရာတွင် ထရမ့်က “ကြားနေ (Neutral)” ဟု ဖြေကြားခဲ့သည်။

နောက်ခံအကြောင်းအရင်းအချို့- “တရုတ်တစ်နိုင်ငံတည်း” (One China) မူဝါဒအောက်တွင် အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည် ဟူသော တရုတ်၏ ရပ်တည်ချက်ကို အသိအမှတ်ပြုထားသော်လည်း၊ ထိုင်ဝမ်ကျွန်းအပေါ် ကွန်မြူနစ်ပါတီ၏ ပိုင်ဆိုင်မှုအဆိုပြုချက်ကိုမူ တရားဝင် မည်သည့်အခါမျှ အတည်မပြုခဲ့ပေ။

ဝါရှင်တန်ဒီစီသည် ထိုင်ဝမ်နှင့် ခိုင်မာသော တရားဝင်မဟုတ်သည့် ဆက်ဆံရေးကို ထိန်းသိမ်း ထားပြီး၊ ဥပဒေအရ (ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေအရ) ထိုင်ဝမ်အား ကာကွယ်ရေး လက်နက်များ ပံ့ပိုးပေးရန် တာဝန်ရှိသော်လည်း၊ တရုတ်၏ တိုက်ခိုက်မှုဖြစ်ပွားလာပါက စစ်ရေးအရ ဝင်ရောက်စွက်ဖက်မည်လား ဆိုသည့်အပေါ်တွင်မူ ရည်ရွယ်ချက်ရှိရှိဖြင့် မရေမရာဖြစ်အောင် ထားရှိခဲ့သည် — ယင်းမူဝါဒကို “ဗျူဟာမြောက် မရေမရာဖြစ်စေခြင်း” (strategic ambiguity) ဟု လူသိများသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 7 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 9 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 8 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 11 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 27 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 40 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို